ကျပ်တစ်ထောင်တန်အောင်ဘာလေထီ ဆုမဲပေါင်း နှစ်သိန်းခြောက်သောင်းကျော် ချီးမြှင့်မည်

ကျပ်တစ်ထောင်တန်အောင်ဘာလေထီ ဆုမဲပေါင်း နှစ်သိန်းခြောက်သောင်းကျော် ချီးမြှင့်မည်

ပထမဆုံးဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန်ထီအတွက် ဆုမဲပေါင်း နှစ်သိန်းခြောက် သောင်းကျော် ခွဲဝေချီးမြှင့်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာသည်။ မတ်လ ၁ ရက်တွင် ဖွင့်လှစ် မည့် ယင်းထီ၌ အမြင့်ဆုံးကျပ် သိန်းတစ်သောင်းခွဲဆုအပါအဝင် ခွဲဝေချီးမြှင့်မည့် ဆုအရေအတွက် သည် ယခင်လက ဖွင့်လှစ်သည့် ကျပ်ငါးရာတန် ထီဆုမဲအရေအ တွက်ထက်  နှစ်ဆကျော်  ပိုများ သည်။

ယင်းထီတွင် ဆုကြီးများအ ဖြစ် ကျပ်သိန်းငါးထောင်သုံးဆု၊ ကျပ်သိန်းနှစ်ထောင်ငါးဆုနှင့် ကျပ်သိန်းတစ်ထောင်   ငါးဆု ထည့်သွင်းထားသည်။ ဖွင့်လှစ်ပေးမည့် ဆုမဲအရေ အတွက် အများဆုံး ကျပ်ငါး သောင်းဆုဖြစ်ပြီး    စုစုပေါင်း ၂၄၀,၀၀၀ ဆုဖြစ်သည်။ ယခင် လများက ကျပ် ငါးရာတန်ထီတွင် ယင်းဆုကို အများဆုံး ၁၂၀,၀၀၀ ဆုအထိသာဖွင့်လှစ်ပေးခဲ့သည်။

‘‘ငါးရာတန်ထီထက် ဆုအ ရေအတွက် ပိုများလာတဲ့အတွက် ထီပေါက်နိုင်တဲ့ အခွင့်အလမ်းက လည်း ပိုများသွားတာပေါ့’’ ဟု ထီ ပင်ရင်းအရောင်းဆိုင်ပိုင်ရှင်တစ် ဦးက ပြောသည်။ အောင်ဘာလေသိန်းဆုဌာန သည် ကျပ်တစ်ထောင်တန်ထီ လက်မှတ်စောင်ရေ ၃၅ သန်း ကျော်  ဖြန့်ဝေရောင်းချထားပြီး ခွဲဝေချီးမြှင့်မည့်ဆုငွေတန်ဖိုး ကျပ်သန်းပေါင်း ၁၉,၀၀၀ ကျော် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကျပ်တစ်ထောင်တန်ထီဆု အရေအတွက်များပြားလာသော် လည်း ကျပ်ငါးရာတန်ထီမှာ ယခင်လကထက် ဆုအရေအ တွက် တစ်သိန်းကျော် လျှော့ချဖွင့် လှစ်မည်ဟု ကြေညာထားသည်။ ယခင်က ကျပ်ငါးရာတန်ထီ ကို ဆုပေါင်း ၁၃၀,၀၀၀ အထိ ဖွင့်လှစ်ရာမှ မတ်လ ၁ ရက်တွင် ဆုသုံးသောင်းကျော်သာ ဖွင့်လှစ် မည်ဟု ကြေညာထားခြင်းဖြစ် သည်။

ယခုလအတွက် ကျပ်ငါးရာ တန်ထီဖွင့်လှစ်ပါက ကျပ်သိန်းငါး ထောင်နှင့် ကျပ်သိန်းသုံးထောင် ဆုများ ပါဝင်တော့မည်မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ ထို့အပြင် ယခင်ကကျပ် သိန်းတစ်ထောင်ဆု ငါးဆုရှိသော် လည်း ယခုလတွင် တစ်ဆုသာရှိ မည်ဖြစ်ပြီး ကျပ်သိန်းငါးရာဆုမှာ ယခင် ၁၄ ဆုမှ တစ်ဆုသာ ထား ရှိ ဖွင့်လှစ်တော့မည်ဖြစ်သည်။

ယခင်ဆုအရေအတွက် အ များဆုံး ကျပ်တစ်သိန်းနှင့်ကျပ်ငါး သောင်းဆုများကို ယခုလတွင် သိသာစွာ လျှော့ချထားသည်။ ကျပ်တစ်သိန်းဆုကို ယခင် က ၁၄,၀၀၀ ဖွင့်လှစ်ခဲ့ရာမှ ယခု လတွင် ဆု ၁,၀၀၀ နှင့် ကျပ်ငါး သောင်းဆုကို ယခင် ၁၂၀,၀၀၀ ဆုဖွင့်လှစ်ရာမှ ယခုလတွင် ဆု ပေါင်း ၃၀,၀၀၀ သာရှိ တော့မည် ဖြစ်သည်။

ထိုသို့ ကျပ်ငါးရာတန်ထီဆု အရေအတွက် လျှော့ချရခြင်းမှာ ရောင်းချပေးခဲ့သည့် ထီလက်မှတ် အရေအတွက် လျော့နည်းခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း အောင်ဘာ လေသိန်းဆုဌာနက    ထုတ်ပြန် ထားသည်။ ယင်းထီကိုယခင်လက ထီ လက်မှတ်စောင်ရေ ၄၅ သန်း ကျော် ဖြန့်ဝေရောင်းချခဲ့သော် လည်း ဖေဖော်ဝါရီလတွင် စောင် ရေ ၁၀ သန်းကျော်သာ ရောင်းချ ခဲ့ခြင်းဖြစ်သည်။


အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.