(၄)လပိုင်းအတွက်(၇)ရက်သားသမီးတစ်လစာဟာ စာ တမ်း

(၄)လပိုင်းအတွက်(၇)ရက်သားသမီးတစ်လစာဟာ စာ တမ်း

(၄)လပိုင်းအတွက် (၇)ရက်သားသမီး တစ်လစာဟာစာတမ်း

တနင်္ဂနွေ သားသမီးအတွက်

တနင်္ဂနွေနေ့သားသမီးများသည်အလုပ်အကိုင်အောင်မြင်မှုနှင့် ကြုံတွေ့မည်။ဆရာကောင်းမိတ်ဆွေများနှင့်ဆုံမည်။ မမျှော်လင့် ထား သောအကူညီများရရှိမည်။ ဤလတွင် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်းမလုပ်သင့်ပါ၊ တစ်ပိုင်းတစ်စဖြစ်တတ်သည်။ အပြိုင်အဆိုင် မနာလိုသူပေါများမည်။

ခရီးရှည် ရက်ရှည်ခရီးမထွက်သင့်ပါ။ သူများဦးစီးသောခရီးဝေး မထွက်သင့်ပါ။ အစားအသောက်မှား၍ အစာအဆိပ်သင့်တတ်သည်။ အ ထူး သဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်၍ အထူးဂရုစိုက်ပါ။ ချစ်သူနှင့်အိမ်ထောင်မရှိသူများ ချစ်သူရည်းစားအသစ်ရမည်၊ အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားမည့်လဖြစ်မည်။ အိမ်ထောင်ရေးအဆင်ပြေမည့်လဖြစ်သည်။ဤအချိန်တွင် အညံ့များပြေပျောက်စေရန်….. ယ တြာ—–အိုးတစ်လုံးတွင်သဲအပြည့်ထည့်ပီး ရေအနည်းငယ်လောင်းပါ၊ ပီးလျှင် ရွှေထီး၊ ငွေထီးစိုက်၍ ဘုရားတွင်လှူပါ။

တနလာၤ သားသမီးအတွက်

ဤလအတွင်း ဘယ်သွားသွား၊ ဘယ်လာလာ မိမိထက်ကြီးသူ၊ ငယ်သူနှစ်ဦး ဒုက္ခပေးမှုကိုခံရမည်။ မိမိရဲ့အတွင်းကိစ္စများသူတစ်ပါးကို မတိုင် ပ င်ကောင်းပါ။ငွေရေးကြေးရေး အချေးအဌားအကျိုးမပေးပါ။သူတစ်ပါးအတွက် အာမခံပေးတာတာဝန်ယူပေးတာအကျိုးမပေးပါ။ သူ များ ကိစ္စ မိမိကိစ္စဖြစ်တတ်သည်။ရပ်ဝေးမှ သတင်းကောင်းကြားရမည်၊ခရီးထွက်ရမည်။ ပညာရေးတွင် အင်တာဗျူးအောင်မြင်ခြင်း၊ ရာထူးရာ ခံတိုးခြင်း၊ အတန်းစားမေးပွဲများ အမှတ်ကောင်းများဖြင့်အောင်မည်။ အကြီးအကဲအားပေးချီးမြှောက်ခြင်းခံရမည်။

အသက်၂၄၊ ၃၂နှစ် အရွယ်ရှိသူများ ကျန်းမာရေးဂရုစိုက်ပါ။ အတိုက်အခိုက်များမည်။ အိမ်ထောင်ရေး၊ အချစ်ရေး ကံမကောင်းပါ။ အ သက်၁၉၊၂၀၊၂၁နှစ် အရွယ်များ အချစ်ရေးစန်းပွင့်မည်။အပေါင်းအသင်း ဂရုစိုက်ပါ။ဤလတွင်အညံများပြေပျောက်စေရန်…..ယတြာ—–အိမ်ဘုရားတွင် သင်္ဘောသီးတစ်လုံး၊ချိုချဉ်(11)လုံးနှင့်ပန်းအဝါရောင်(15)ပွင့်ကို ကပ်လှူပေးပါ။

အင်္ဂါ သားသမီးများအတွက်

ဤလတွင်စကားပြောရာ၌ပါးနပ်စွာသုံးချရမည်၊အပြောအဆိုဆင်ခြင်၍ စကားနုတ်ကျွံတာမျိုးမဖြစ်ပါစေနှင့်ငြင်းပွားစရာလူမှုရေးပြဿနာ များဖြေရှင်းရတတ်သည်။မိတ်ဆွေသည်ရန်သူဖြစ်စေသည်၊ဥပေက္ခာပြုနိုင်လေ မိမိအတွက်အကျိုးပေးလေဖြစ်သည်။ လုပ်ငန်းစီးပွား အောင် မြင်သောကာလဖြစ်သည်အလုပ်အကိုင်အသစ်လုပ်ရခြင်း၊ တိုးချဲ့ရခြင်း၊ နေရာပြောင်းရွှေ့ရခြင်းကြုံရမည်။

တန်ဖိုးရှိစက်ပစ္စည်းများ အပျက်အပျောက်များမည်။ ကျန်းမာရေးအတွက်ဝမ်းဗိုက်အထူးဂရုစိုက်ပါ၊ အမျိုးသမီးများသည် အမျိုးသမီးရောဂါ အထူးဂရုစိုက်ရမည်။ပညာရေးတွင်လူမှုရေး၊ အချစ်ရေးကိစ္စများဖြစ်ပေါ်ပါက ပညာမှာတစ်ပိုင်းတစ်စဖြစ်ပီး နှောင်နှေးလိမ့်မည်။ ဆုံးဖြတ် ချက် မှန်ကန်ဖို့အရေးကြီးသည်။အိမ်ထောင်ရှိသူများ သားသမီးအတွက် ကျန်းမာရေး စိတ်ပူပင်သောကရောက်တတ်သည်။ ဤရက်ပိုင်းတွင် တနင်္ဂနွေ နှင့် စနေသားသမီးများထံမှ မျှော်လင့်မထားသောအကူညီများရမည်။အဆိုးအညံ့များပြေပျောက်စေရန်…..ယတြာ—–အိမ်ဘုရား တွင် ကံ့ကော်၉ညွန့် လှူပေးပါ။

ဗုဒ္ဓဟူး သားသမီးအတွက်

အလုပ်အကိုင်အသစ်လုပ်ကိုင်ရမည်၊မကိုင်ဖူးသောငွေကိုင်ရမည်။ မလှူဖူးသောအလှူမျိုး လှူရမည်။ထီထိုးပေးပါ။ အိမ်ထောင်ရေးသာယာ မည်၊ သားသမီးဝင်ကိန်းရှိသည်။ရွှေ၊ငွေ ရတနာများလည်းဝင်မည်။ပတ်ဝန်းကျင်၏ သပုတ်လေလွင့် ပြောဆိုခြင်းခံရမည်၊ကိစ္စတစ်ခုကိုလွယ် လွယ်နှင့်မဆုံးဖြတ်ပါနှင့် စိတ်အေးအေးထားပီး ဖြေရှင်းပါ။

ပတ်ဝန်းကျင်တွင် နာရေးသတင်းကြားပါက အကူငွေ တစ်ထောင့်ခုနှစ်ရာ၊တစ်သောင်းခုနှစ်ထောင် စသည့်၁၇ဂဏန်းကိုလှူရမည်။ကျန်းမာ ရေးတွင် သွေး၊လေရောဂါနှင့် အာရုံကြောကိုအထူးဂရုစိုက်ပါ။ အသက် ၂၆၊၂၇ အရွယ်ရှိသူများ ဆိုင်ကယ်စီး၊ ကားစီး အထူးဂရုစိုက် သင့် ပါသည်။ကံဇာတာအမြင့်အချိန်ရောက်ရှိနေသောကြောင့် အပြိုင်အဆိုင်ပေါများမည်၊ မနာလိုသူပေါများမည်။

အညံ့များပြေပျောက်စေရန်…..ယတြာ—မိမိ၏မွေးနံဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်နံဒေါင့်ဘုရားမှာ ရွက်လှညွန့်(17)ညွန့်၊ ဖယောင်းတိုင်(17)တိုင်၊ အမွှေးတိုင်(17)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊

ကြာသပတေး သားသမီးအတွက်

ဤရက်ပိုင်းအတွင်းတွင် နာမည်ဂုဏ်သတင်းတိုးတက်မည်၊ ဆုထူးဂုဏ်ထူးရမည်၊ မမျော်လင့်ပဲ အလှူအတန်းတစ်ခုလှူရတတ်သည်။ ပညာကံအထူးကောင်းသည်။ ရပ်ဝေးနိုင်ငံခြားမှ အလုပ်အကိုင်များအဆက်သွယ်ရမည်။မြုပ်နေသောငွေကြေးများပေါ်မည်၊ ရစရာ ရှိသောငွေများရမည်။ အလုပ်အကိုင်အပြောင်းအလဲ ကြုံတွေ့ရမည်။လုပ်ငန်းတိုးချဲ့ခြင်း လုပ်ငန်းအသစ်စတင်ခြင်းကောင်းမည်။ စပ်တူ ရှယ်ယာတူ ရှောင်ကြဉ်ပါ။ အိမ်ထောင်အိမ်ဖက်အပြောင်းအလဲ ကြုံတွေ့ရတတ်သည်။ အထူးသဖြင့်အသက် ၃၅၊၃၇၊၃၈နှစ်အရွယ်ျရာ က်သူများအထူးဂရုစိုက်သင့်ပါသည်။

မြေ၊မီး၊မိန်းမ၊ မင်းစိုးရာဇ၊မူးယစ်ဆေးဝါး စသောပြဿနာများကြုံတွေ့ရတတ်သည်။ဘာသာခြား၊လူမျိုးခြား အတိုက်အခိုက်ရှိသည်။ ကျန်းမာ ရေးမှာ သွေးအားနည်းရောဂါုဖြစ်တတ်သည်။ချစ်သူရှိပြီးသောသူများ စိတ်ချမ်း သာ၍ ချစ်သူမရှိသောသူများ အောင်သွယ်တော်ကို အား ကိုး ရ မည့်ကာလဖြစ်သည်။အညံ့များပြေပျောက်စေရန် ယတြာ—တန်ခိုးကြီးဘုရားတွင် ပန်းအနီရောင်(19)ပွင့်၊ အောင်သပြေ(19)ညွန့်၊ ဖယောင်းတိုင်း(19)တိုင်၊ အမွှေးတိုင် (19)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊

သောကြာ သားသမီးအတွက်

ဤရက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီးထွက်ကိန်းရှိသည်၊ အောင်မြင်မှုရမည်။အဖိုးတန်ပစ္စည်းများဝင်မည်။ တန်ဖိုးရှိသောလက်ဆောင် ပ စ္စည်း များ ရ တတ် သည်။ငွေမမြဲပါ ငွေအထွက်များမည်။ လူလိမ် ငွေလိမ်ခံရ၍ ငွေလျော်ကိန်းရှိသည်။ငွေကြေးအရှုပ်အရှင်း သတိ ပြု ပါ။မိ သားစုနှင့်စိတ်သဘောထားမတိုက်ဆိုင်မှုများဖြစ်ပေါ်မည်။အထူးသဖြင့် အသက်၂၉နှစ်မှ ၃၅နှစ်အတွင်းရှိသောသူများသည် ရုံးပြင်ကဏ္ဍ အ မှုအခင်းများရင်ဆိုင်ရတတ်သည်။ အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် တစ်ဖက်သက် အထင်လွဲမှားခြင်း အစွပ်အစွဲခံရခြင်းနှင့်ကြုံရမည်။

အတွင်းစကား အတွင်းပြဿနာစသော ကိစ္စများကို သူတစ်ပါးအားတိုင်ပင်ခြင်းမပြုသင့်ပါ။ လူယုံသတိထားပါ။ ကျန်းမာရေးတွင် မဖြစ်ဖူး သော ရောဂါဝေဒနာနှင့်သွေးထွက်သံယိုများမမျှော်လင့်ပဲကြုံတွေ့ရတတ်သည်။အညံများပြေပျောက်စေရန်….. ယတြာ—–စက္ကူကန်တော့ င် ထန်းလျက်၈လုံးထည့်၍ ခွေးတစ်ကောင်အားကျွေးပါ ကျွန်ုပ်၏အညံ့များပြေပျောက်ပါစေဟုဆိုကာကျွေးပါ။ ငါးများကိုအစာကျွေးပါ။

စနေ သားသမီးအတွက်

စနေသားသမီးများသည် ဘဝ၏အောင်မြင်ဆုံးအချိန် ကိုရောက်ခါနီးမှ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်တတ်သည်။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြင့်အချိန်များကုန်စေမည်။ကြီးမားသော ဒုက္ခမဟုတ် သော်များလည်း စိတ်နှောက်ယှက်မှုများ ကြုံရမည်။ အလုပ်တစ်ခုကို ပြီးစီးအောင်လုပ်မှ အကျိုးရှိမည်။တစ်ပိုင်းတစ်စမထားပါနှင့်။နာမည်ဆိုးထွက်တတ်သည်။ လက်အောက်ငယ်သားများသတိထားပါ။မမျှော် လင့်ပဲ အကြီးအကျယ်ငွေဝင်ကိန်းရှိသည်။ စက်ပစ္စည်းကြီးကြီးဝင်တတ်သည်။

မလုပ်ဖူးသောအလှူတန်းကြီးကြီးမားမား မမျှော်လင့်ပဲလုပ်ရတတ်သည်။ မတူညီသောအလုပ်တစ်ခုတွင်အောင်မြင်ထင်ရှားမည် အသက်၂၉ နှစ် ပြည့် ၃ဝအဝင် ၆လတွင် ကျန်းမာရေး နှင့်ပတ်သက်၍စိုးရိမ်ရမည်။ဆေးသောက် ဆေးမှား ဂရုစိုက်ပါ။ စက်ပစ္စည်းအဝင်ကောင်းသည်။ မိသားစုပြဿနာ အိမ်တွင်းရေးပြဿနာ ရင်ဆိုင်ရမည်။အညံ့များပြေစေရန်…..ယတြာ = အသက်ကြီးသူတစ်ဦးကို ဒိန်ချဉ် သို့မဟုတ် နွားနို့လှူပါ။

ဆရာမင်းသုခ

Comments are closed.