ကျန်းမာရေးအခြေအနေအတော်လေးဆိုးဝါးနေပေမယ့် ဒီနေ့မနက် စောစော မှာပဲ ဖမ်းဆီးခံလိုက်ရတဲ့ ပိုင် တံခွန်

ကျန်းမာရေးအခြေအနေအတော်လေးဆိုးဝါးနေပေမယ့် ဒီနေ့မနက် စောစော မှာပဲ ဖမ်းဆီးခံလိုက်ရတဲ့ ပိုင် တံခွန်

ပရိသတ်ကြီးရေ.. တော်လှန်ရေးတိုက်ပွဲကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ တတ်ကြွစွာပါဝင်ခဲ့တဲ့ နိုင်ငံကျော်မော်လ်ဒယ်သရုပ်ဆောင် မင်းသား ချော ပိုင်တံခွန်ကတော့ ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခံလိုက်ပြီလို့ သိရပါတယ်..။

ပိုင်တံခွန်ကို ဧပြီလ(၇)ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်အရေးယူထားကြောင်း ကြေညာလိုက်တာဖြစ်ပြီး ဒီ ကနေ့ ဧပြီလ(၈)ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်..။

မနက်(၅)နာရီအချိန်က မြောက်ဒဂုံအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာတော့ ပိုင်တံခွန်ဟာကျန်း မာရေးအခြေအနေတော်တော်လေးကို ဆိုးဝါးနေတယ်ဆိုပြီးတော့လည်း အစ်မဖြစ်သူမေချစ်သွေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေပြော ပြထားပါတယ်..။

ပိုင်တံခွန်ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ မှာ တတ်တတ် ကြွကြွ နဲ့ပါဝင်ခဲ့တာဖြစ်ပြီး ကျန်းမာ ရေး မကောင်းလို့ အိမ်ကိုခေတ္တပြန်ရောက်နေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်တာပါ..။

“ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား 8 စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ Speak Out များ များလေး လုပ်ပေးကြပါ ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ

Edit.. နေမကောင်းအရမ်းဖြစ်နေလို့ အမေတို့ဆီ ခဏ လာနေနေတာပါ..” ဆိုပြီး အစ်မဖြစ်သူက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိ ပေး ပြောပြထားတာပါ..။ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ ပိုင်တံခွန်အတွက် ပရိသတ်တွေအားလုံး ကလည်း စိုးရိမ်တ ကြီးနဲ့ စိတ်ပူနေ ကြ ပြီး အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့နဲ့အတူ ပြန်လည်လွတ်မြောက်လာဖို့ကိုလည်း စိတ်မကောင်း စွာဆု တောင်းပေးထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: May Chit Thway’s Fb Acc

Comments are closed.