သင့်ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားပြီး အိပ် ပါ လို့အကြံပြုပါတယ်

သင့်ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားပြီး အိပ် ပါ လို့အကြံပြုပါတယ်

ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားပြီး အိပ်ရင် ရရှိလာမယ့် အကျိုးကျေးဇူး (၅) ခု

ကြက်သွန်ဖြူဟာ အနံ့ပြင်းတဲ့ အစားအစာတစ်ခုလို့ တော်တော်များများက သိထားပြီး တစ်ချို့တိုင်းရင်းဆေးတွေမှာ လည်း တွယ်ကျယ်စွာ အသုံးပြုလာကြတာကို တွေ့မြင်ရမှာပါ။ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ရောဂါပိုးမွှား တွေ ကို သေစေနိုင်ပါ တယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး၊ ကိုလက်စထောကို လျှော့ချပေးကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကိုလည်း တားဆီး ကာကွယ်ပေးနိုင်ပါတယ် …။

ဒီလိုအစွမ်းထက်လှတဲ့ ကြက်သွန်ဖြူဥကို ခေါင်းအုံးအောက်မှာထားပြီး အိပ်စက်ခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးတွေကို ဖော် ပြ ပေးလိုက်ပါတယ် နော် ….

(၁) အသက်ရှူဝစေတယ် ”


(၂) ဖျားနာခြင်းကို ကာကွယ်ပေးတယ် ”

ကြက်သွန်ဖြူဟာ ရောဂါပိုးမွှားတွေကို သေစေနိုင်ရုံသာမက ဖျားနာခြင်းကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဖျား နာ၊ တုပ်ကွေးတွေ မဖြစ်အောင်လည်း တားဆီးကာကွယ်ပေးနိုင်စွမ်းရှိပါတယ် …။

(၃) နှစ်ခြိုက်စွာအိပ်ပျော်စေတယ် ”

ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားပြီး အိပ်ခြင်းဟာ သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ ကြက်သွန်ဖြူအနံ့ဟာ ပြင်းတယ် ဆိုပေမယ့် သူ့အထဲမှာပါဝင်တဲ့ ဓာတ်တစ်မျိုးကြောင့် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တာ ဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ကျန်း မာ ရေးနဲ့ အလှအပအပေါ် အများကြီးသက်ရောက်မှုရှိတယ်ဆိုတာ သင်သိပြီးသား ဖြစ်မှာပါနော် …။

(၄) ပိုးမွှားတွေကို ဖယ်ရှားပေးတယ် ”

ကြက်သွန်ဖြူဟာ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ ပင့်ကူတွေ၊ ခြင်တွေနဲ့ အခြားအင်းဆက်ပိုးမွှားတွေကို မလာအောင် မောင်း ထုတ် ပေး နိုင်စွမ်းရှိတာကြောင့် အရမ်းကိုအဆင်ပြေလှပါတယ် …။

(၅) အဆိပ်အတောက်တွေဖယ်ရှားပေးတယ် ”

ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ကိုပါ ကောင်းမွန်စွာ အနားယူစေနိုင်ပါတယ်။ ဒါကြောင့်အမောအပန်းတွေပြေစေပြီးခေါင်း ကြည်လင်ပေါ့ပါးစေနိုင်ပါတယ် နော် … ။ ။

Credit #Em Em

Comments are closed.