Online ပေါ်ကနေ Account Transfer လုပ်နေကြတာ က risk အရမ်းများပါတယ်

Online ပေါ်ကနေ Account Transfer လုပ်နေကြတာ က risk အရမ်းများပါတယ်

ညီမက ဘဏ်ဝန်ထမ်းပါရှင့် တစ်ခုလောက် သတိပေးချင်လို့ပါ။ အခုကာလမှာ လူတိုင်းက ငွေထုတ်ဖို့ ခက်ခဲနေကြတော့ %နဲ့ငွေလဲတာတွေ Bank Account to Bank Account Transfer တွေ လုပ်နေကြတာရှိပါတယ်။

ညီမကိုယ်တိုင်လည်း ဒီ gp ထဲက အမတစ်ယောက်ဆီကနေ AYA Account ကနေ ငွေသားထုတ်ဖူးပါတယ်….။ မျက်နာချင်းဆိုင်ထိုင်ပြီး E-Money နဲ့ Physical Cash ကို ဒဲ့လဲတာက အန္တရာယ် မရှိပေမယ့်လေ … Online ပေါ်ကနေ Account Transfer လုပ်နေကြတာက risk အရမ်းများပါတယ်…..။

ပုံမှန်ကာလမှာဆိုရင် လိမ်လည်တဲ့ case တွေက ရဲစခန်းမှာ အမှုဖွင့်၊ ရဲက ရာဇဝတ်ကြောင်းအရ သက်ဆိုင်ရာ ဘဏ်အကောင့်ကို suspended လုပ်ပေးဖို့ ရဲစာရလာရင် ဘဏ်ကအကောင့်ကို တားထားပေးနိုင်ပေမယ့် ဒီကာလကြီးမှာ ရဲစခန်းသွားဖို့ကလည်း ခက်ခဲတော့ လေ အလွယ်တကူ အလိမ်ခံရမှာဆိုးလို့ပါ…,။ ဒီနေ့ထဲမှာပဲ အလိမ်ခံရတဲ့ case တွေ ၃ခုလောက် တွေ့နေလို့ နောက်ဆို ပိုများလာမှာဆိုးလို့ သတိပေးချငိလို့ပါ….။

Bank Account Transfer ကိုလေ လူချင်းတွေ့နိုင်တဲ့ face to face အချိန်မျိုးမှသာ လုပ်ကြပါနော်..။အလွယ်တကူ online ပေါ်ကနေ စိတ် လောပြီး မလုပ်ကြပါနဲ့လို့ …။ ဘဏ်အနေနဲ့ဆိုရင်လည်း လိမ်တဲ့သူရော အလိမ်ခံရတဲ့ သူရောက နှစ်ဘက်စလုံး customer ပဲမလို့ တစ် ဖက်ရဲ့စကားနဲ့တင်တစ်ခြားတစ်ဖက်ရဲ့ အကောင့်ကို ခဏ frozen ထားဖို့က Bank Rules တွေအရ လုပ်ပေးလို့မရပါဘူး။ ရဲစခန်း ရဲ့ noticed စာ လိုပါတယ်။

စိတ်ပူလို့ပြောတာမလို့ အနှောက်အယှက်ဖြစ်သွားရင် အားနာပါတယ်နော်….။

[zawgyi]






Comments are closed.