လိပ်​ပြာစံအိမ်​ရုပ်​ရှင်​ထဲက သမီး​လေး​တွေနဲ့ ရင်းနှီးမှုအ​ကြောင်း​ပြောလာတဲ့ ဝတ်​မှုန်​​ရွှေရည်

လိပ်​ပြာစံအိမ်​ရုပ်​ရှင်​ထဲက သမီး​လေး​တွေနဲ့ ရင်းနှီးမှုအ​ကြောင်း​ပြောလာတဲ့ ဝတ်​မှုန်​​ရွှေရည်

“လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဇာတ်​လမ်း​၊ ဒါရိုက်​တာရဲ့အမိုက်​စားဖန်​တီးမှုနဲ့ ပီပြင်​လှတဲ့ သရုပ်​​ဆောင်​​တွေရဲ့ အနုပညာ​ကြောင့်​ လက်​ရှိမှာ ပရိသတ်​​​တွေရဲ့စိတ်​ဝင်​စားမှုကို အပြည့်​အဝရရှိ​နေတာပါ။ “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးထဲက အရမ်းကိုထူးချွန်​တဲ့ က​လေးသရုပ်​​ဆောင်​​လေး​တွေကလည်း ရုပ်​ရှင်​ရဲ့ အဓိကအစိတ်​အပိုင်းအဖြစ်​ အ​ကောင်းဆုံးပုံ​ဖော်သရုပ်ေ​ဆာင်​ခဲ့ကြတာ ​တွေ့ရပါတယ်​။ လတ်​တ​လောမှာ​တော့ ​ဝတ်​မှုန်​​ရွှေရည်​က “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးထဲမှာ အတွဲညီညီသရုပ်​​ဆောင်​နိုင်​ခဲ့တဲ့ သမီး​လေး​တွေနဲ့ ချစ်​စရာ​ကောင်းတဲ့ဆက်​ဆံ​ရေးအ​ကြောင်း ထုတ်​​ပြောလာတာ ​တွေ့ရပါတယ်​။ က​လေးချစ်​တတ်​တဲ့ ​ရွှေကစ်​​လေးနဲ့ သူမကို အရမ်းခင်​တွယ်​တဲ့ တုံတုံနဲ့ ပြည့်​ပြည့်​​လေးတို့က​တော့ အရမ်းကိုချစ်​ဖို့​ကောင်းလွန်းပါတယ်​​နော်​။

ချစ်​ပရိသတ်​​တွေ​အတွက်​ အရမ်းကိုချစ်​ဖို့​ကောင်းတဲ့ ဝတ်မှုန်​​ရွှေရည်​နဲ့ က​လေး​လေးနှစ်​​ယောက်​တို့ရဲ့ ရိုက်​ကွင်း​ပေါ်ကပုံရိပ်​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဝတ်​မှုန်​​ရွှေရည်​က​တော့ “လိပ်ပြာစံအိမ်အကြောင်းအမှတ်တရဆို ဒီချစ်စရာ သမီးလေးတွေကလည်းမပါမဖြစ်ပေါ့ ရိုက်ကူးရေးတောက်လျှောက် အရမ်းကို သိတတ်နားလည်ပြီး အမူအရာကို ကစ်တို့လူကြီးတွေနဲ့အပြိုင် မလျော့ပဲ ကြိုးစားထားကြတယ်။ကစ်နဲ့ဆိုတကယ်ကို သားအမိ ပုံမျိုး ပေါ်လွင်အောင်ဘေးကနေ ပံပိုးပေးကြတဲ့ သမီးလေးတုံတုံ နဲ့ ပြည့်ပြည့်လေး 😍😍😍 ချစ်တယ်နော် 😘😘😘” ဆိုပြီး ချစ်​စရာ​ကောင်း​အောင်​ ​ရေးသားထားတာပါ။

အရမ်းချစ်​ဖို့​ကောင်းတဲ့ ​ရွှေကစ်​​လေးတို့ရဲ့ပုံရိပ်

လိပ်​ပြာစံအိမ်​ ရိုက်​ကူး​စဉ်​က ပုံရိပ်​​လေး

“လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ ပြီးခဲ့တဲ့ ​ဖေ​ဖော်​ဝါရီလ ၈ ရက်​​နေ့ကတည်းက ရုံတင်​ပြသ​နေတာပဲ ဖြစ်​ပါတယ်​။ အချိိန်​အ​တော်​ကြာ ရိုက်​ကူးခဲ့ရတာမို့ “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးထဲက သရုပ်​​ဆောင်​​တွေဖြစ်​တဲ့ နိုင်းနိုင်း၊ ​ဒေါင်းနဲ့ ဝတ်​မှုန်​​ရွှေရည်​နဲ့ က​လေးသရုပ်​​​ဆောင်​​တွေကလည်း ရင်းရင်းနှီးနှီး ရှိ​နေကြတာပါ။ ချစ်​ပရိသတ်​​တွေ​လည်း အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ​ရွှေကစ်​​လေးနဲ့ ချစ်​စရာသမီး​လေးတို့နှစ်​ဦးးကိုချစ်ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Wutt Hmone Shwe Yi’s Facebook

Comments are closed.