နာမည်ကြီးရုပ်ရှင်တွေနောက်ကွယ်က ပါးစပ်အဟောင်းသားဖြစ်လောက်စရာ ဖန်တီးမှုပုံရိပ်များ

နာမည်ကြီးရုပ်ရှင်တွေနောက်ကွယ်က ပါးစပ်အဟောင်းသားဖြစ်လောက်စရာ ဖန်တီးမှုပုံရိပ်များ

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်လာအောင် ပုံဖော်ရိုက်ကူးဖို့ အတွက် ရုပ်ရှင်အဖွဲ့ သားတွေအားလုံး Teamwork စိတ်ဓာတ်အပြည့်အ၀နဲ့ အတူ နည်းပညာပိုင်းဆိုင်ရာတွေမှာလည်း အပီပြင်ဆုံးဖန်တီးရိုက်ကူးနိုင်ဖို့ လိုအပ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ ခေတ်ကြီးမှာတော့ ဇာတ်ညွှန်းထဲမှာပါဝင်တဲ့ ထူးခြားဆန်းပြားတဲ့အရာဝတ္ထုတွေကို CGI Effect တွေသုံးပြီး အပြင်မှာ တစ်ကယ်ရှိနေသလို မြင်ရအောင် ရိုက်ကူးဖို့ ဟာ ခဲယဉ်းလွန်းတဲ့ကိစ္စတစ်ခုမဟုတ်တော့ပါဘူး။ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ ပြောင်မြောက်လှတဲ့ Acting Skill တွေနဲ့ အတူ အံ့အားသင့်စရာ Special Effect တွေနဲ့ ပေါင်းစပ်ရိုက်ကူးလိုက်တဲ့အခါ ကမ္ဘာ့အဆင့်မီရုပ်ရှင်ကားတစ်ကားထွက်ပေါ်လာနိုင်တာကလည်း မဆန်းတော့ပါဘူး။ Hollywood ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ပါးစပ်အဟောင်းသားဖြစ်လောက်စရာ နည်းပညာတွေနဲ့ လှည့်စားရိုက်ကူးထားတဲ့ ကမ္ဘာကျော်ရုပ်ရှင်တွေနောက်ကွယ်က ဖန်တီးမှုပုံရိပ်အစစ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Jumanji ရုပ်ရှင်ထဲက မြွေတွေက Special Effect တွေသုံးပြီး ဖန်တီးထားတာဖြစ်ပါတယ်

Superman Vs Batman ရုပ်ရှင်ထဲက တစ်ချို့ ဇာတ်ဝင်ခန်းတွေမှာလည်း မြို့ ကြီးတစ်ခုလုံးကို Effect နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်

ဒီသတ္တ၀ါကြီးကိုမြင်တာနဲ့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြမှာပါ ( အော်စကာဆုရ The Shape Of Water ရုပ်ရှင်ထဲက ရေသတ္တ၀ါဆန်းကြီးပါ )

Indiana Jones ရုပ်ရှင်အပိုင်းတစ်ပိုင်းထဲက တင့်ကားပုံစံ ( ရုပ်ရှင်ထဲကလို အကြီးကြီးဟုတ်သေးရဲ့ လား )

A Monster Calls ရုပ်ရှင်ထဲမှာ ကော်နာအိုမယ်လီလေးရဲ့ အမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Felicity Jones ရဲ့ ပြောင်းလဲမှု

မင်းသားကြီး Will Smith ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားထဲက ဇာတ်ဝင်ခန်း ( ဘယ်ရုပ်ရှင်ကားလဲ သိကြတယ်မလား )

Rampage ရုပ်ရှင်ထဲက မျောက်ဝံကြီး George ကလည်း CGI နဲ့ ပဲဖန်တီးထားတာပါ

ချစ်ရတဲ့ ပရိသတ်ကြီးရေ … ကမ္ဘာ့အဆင့်မီရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်လာဖို့အတွက် ထုတ်လုပ်သူတွေနဲ့ နည်းပညာသမားတွေရဲ့ပေါင်းစပ်ဖန်တီးမှုတွေကတော့ တစ်ကယ့်ကို အံ့မခန်းပါပဲနော်။ ဒီလိုတွေ အဆင့်အတန်းရှိရှိ တင်ဆက်နိုင်တာကြောင့်လည်း သူတို့ဇာတ်ကားတွေ ရုံတင်ပြသတဲ့အခါတိုင်း ဝက်ဝက်ကွဲအောင်မြင်လေ့ရှိတာပေါ့။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : BrightSide ,
Douglas

Comments are closed.