အူတက်အောင် ခွီနေရမယ့် ခြိမ့်ကေကိုရဲ့ရုပ်ပြောင် Tiktok ဗီဒီယို

အူတက်အောင် ခွီနေရမယ့် ခြိမ့်ကေကိုရဲ့ရုပ်ပြောင် Tiktok ဗီဒီယို

Myanmar Idol Season 3 ကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ခြိမ့်ကေကိုကတော့ လိုအပ်ချက်အနည်းငယ်ကြောင့် ဒိုင်တွေရဲ့ရွေးခြယ်မှုကို မခံရပေမယ့်လည်း မလျှော့သော ဇွဲနဲ့ အနုပညာကို ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေပြီဖြစ်တဲ့ ခြိမ့်ကေကိုကတော့ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရဲ့ပွဲမှာ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ လတ်တလောမှာတော့ ခြိမ့်ကေကိုက အူတက်အောင် ခွီရမယ့် ဟာသ Tiktok ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်နေတာမို့ ခြိမ့်ကေကိုရဲ့Tiktok ဗီဒီယိုလေးက အရမ်းကိုရယ်ရတာပါနော်။

ချစ်ပရိသတ်တွေအတွက် အူတက်အောင်ကို ခွီနေရမယ့် ခြိမ့်ကေကိုရဲ့Tiktok ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော။်

ခြိမ့်ကေကိုကတော့ “အလွတ်ဘဲ့စားချင်တာ😂😂အပျင်းပြေလေဆော့ကြည့်တာ😁😁” ဆိုပြီး ဟာသ Tiktok ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

ရုပ်ပြောင်ထားတဲ့ ခြိမ့်ကေကိုရဲ့Tiktok ဗီဒီယို

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ဝါသနာပါတဲ့ ခြိမ့်ကေကိုကတော့ အခုဆိုရင် ပညာပေးဇာတ်လမ်းတွေနဲ့ တစ်ခြားသော ဇာတ်လမ်းတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ခြိမ့်ကေကိုကတော့ ရိုးသားကြိုးစားပြီး လူချစ်လူခင်ပေါအောင် နေတတ်သူတစ်ဦးမို့ ဒိန်းဒေါင်သာမက တစ်ခြားသော အနုပညာရှင်တွေကလည်း ခင်ခင်မင်မင်ရှိတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အူတက်အောင် ရယ်ရတဲ့ ခြိမ့်ကေကိုရဲ့Tiktok ဗီဒီယိုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;Chaink k Ko’s Facebook

Comments are closed.