နွံထဲနစ်တဲ့အခန်းကို လူစားထိုးလို့ ရပေမယ့် သူမကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ဝတ်မှုံရွှေရည်

နွံထဲနစ်တဲ့အခန်းကို လူစားထိုးလို့ ရပေမယ့် သူမကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေကြားမှာ လတ်တလော ရေပန်းစားနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ စတင်ရုံတင်ပြသတဲ့ (၉) ရက်အတွင်းမှာပဲ ရုံဝင်ငွေ သိန်းတစ်သောင်းနဲ့ စံချိန်တင်ပြီး ဝက်ဝက်ကွဲအောင်မြင်နေတာ ဖြစ်ပါတယ်။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘန်ကောက်မှမန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မြန်မာသရုပ်ဆောင်များဖြစ်တဲ့ နိုင်းနိုင်း၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်တို့က အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ထောင့်​​ပေါင်းစုံက​နေ စနစ်​တကျစီစဉ်​ပြီး ရိုက်​ကူးထားတဲ့ “လိပ်​ပြာစံအိမ်​” (The Only Mom) ရုပ်​ရှင်​အတွက်​ ဒါရိုက်​တာ၊ ဇာတ်​ညွှန်း​ရေးသူ၊ သရုပ်​​ဆောင်​၊ စက်​အဖွဲ့နဲ့ အခြား​သော အတတ်​ပညာရှင်​တို့ဟာ အ​ကောင်းဆုံးကြိုးစားအားထုတ်​ထားကြပါတယ်​။ ဟာကွက်မရှိတဲ့ ရိုက်ချက်တွေနဲ့ ဝါရင့်သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမယ့် “လိပ်​ပြာစံအိမ်​” (The Only Mom) ရုပ်​ရှင်ကြီးဟာ မြန်မာ့ရုပ်ရှင်လောကအတွက်တော့ မှတ်တိုင်သစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

အတတ်ပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူတူ သရုပ်ဆောင်တွေရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေကြောင့် တော်တော်လေး ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဟိုးလေးတကျော်ကျော်ဖြစ်နေတာပါ။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ကလဲ ထိုကားအတွက် ကြိုးစားအားထုတ်မှုများကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်နော်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှ ဝတ်မှုံရွှေရည်ရဲ့ ကြိုးစားအားထုတ်မှု

“လိပ်​ပြာစံအိမ်​” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာ Chartchai Ketnust ကလဲ ” ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် … ကစ်ကစ်နေရာမှာ အစားထိုးသရုပ်ဆောင်ဖို့ လူအသင့်ရှိပေမယ့်လည်း သူမက သူမကိုယ်တိုင်ပဲသရုပ်ဆောင်ချင်တယ်လို့ ပြောတယ်ဗျ။ ကစ်ကစ်ကတော့ စူပါစတားတစ်ယောက်ဖြစ်ရုံတင်မကဘူး၊ တစ်ကယ့်ကို ဇာတ်ကားတိုင်းအပေါ်စိတ်နှစ်ပြီး သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်ပါ။” ဆိုပြီး ချီးကျူးထားပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ အနုပညာအပေါ် ကြိုးစားအားထုတ်မှုကတော့ ပရိသတ်ကြီး မြင်တဲ့အတိုင်းပါပဲနော်။ နုနုနယ်နယ် မင်းသမီးလေးတစ်ဦးလဲ ဒီလိုညစ်ပတ်နံစော်နေတဲ့ နွံထဲမှာ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့တာ ချီးကျူးစရာပါပဲနော်။ ဝတ်မှုံရွှေရည်ကို ချစ်တဲ့ ပရိသတ်တွေလဲ ဝတ်မှုံရွှေရည်ရဲ့ ကြိုးစားအားထုတ်မှုကို ကျေနပ်ကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Chartchai Ketnust’s fb

Comments are closed.