ဘမ္းဆိုတဲ့အသံၾကီးနဲ႔ အျမန္လမ္း မိုင္တိုင္ ၁၂၀/၀ နဲ႔ ၁၂၀/၁ ၾကားမွာ . . .

ဘမ္းဆိုတဲ့အသံၾကီးနဲ႔ အျမန္လမ္း မိုင္တိုင္ ၁၂၀/၀ နဲ႔ ၁၂၀/၁ ၾကားမွာ . . .

တစ္ေနကုန္ အဲအမႈကိစၥနဲ႔ခ်ာလပတ္လည္ေနတာရယ္ အျမန္လမ္းေတာက္ေလ်ာက္ေမာင္းေနရတာရယ္ေၾကာင့္ ခုမွတင္လိုက္တာပါ …

ျဖစ္ပုံကဒီလိုပါ ….က်ေနာ္လုပ္ေနတဲ့ အျမန္လမ္းနဲ႔ပတ္သတ္တဲ့ Thesis အတြက္ လိုအပ္တဲ့ Survey data ေလးေတြကို ၃၉မိုင္တို႔ ၁၁၅မိုင္တို႔မွာေကာက္ရင္း အျမန္လမ္းေပၚတက္လာတယ္ဆိုပါေတာ့ ….

၁၁၅မိုင္မွာေကာက္လို႔ၿပီးခ်ိန္ ေန႔လည္၂နာရီေလာက္ ေနျပည္ေတာ္ဖက္ဆက္ထြက္လာၿပီး ၅မိနစ္ေလာက္ပဲေမာင္းရေသးခ်ိန္ မိုင္တိုင္ ၁၂၀/၀ နဲ႔ ၁၂၀/၁ ၾကားမွာ ဘမ္းဆိုတဲ့အသံၾကားၿပီး မွန္ေတြတျဖဳတ္ျဖဳတ္ေႂကြက်တဲ့အသံၾကားလိုက္တယ္

အစကကိုယ္လည္းဘာမွန္းမသိေသးေတာ့ ေဘးခ်ရပ္ၿပီးစစ္ၾကည့္ဖို႔လုပ္တဲ့အခ်ိန္မွာ လိုက္ကူေပးတဲ့ေက်ာင္းကသူငယ္ခ်င္း ညီမတစ္ေယာက္က မရပ္နဲ႔ မွန္ကို ဂြနဲ႔ေဆာ္တာ ရပ္လိုက္ၿပီးဆင္းလိုက္ရင္ သူတို႔ေတြ အမ်ားႀကီးအုံလာႏိုင္တယ္လို႔ခ်က္ခ်င္းသတိေပးလို႔ သတိနဲ႔ဆက္ေမာင္းလာလိုက္တယ္ ….

အဲမွန္ေနရာမွာထိုင္ေနတာက က်ေနာ္႔ညီ၀မ္းကြဲ .. ကံေကာင္းလို႔လူထိမထိတာ .. ပုံမွာသာၾကည့္ပါေတာ့ .. အဲဒါနဲ႔ဆက္ေမာင္းရင္း ကိုယ္နဲ႔ရင္းႏွီးတဲ့ အျမန္လမ္းဒုရဲမႈးႀကီးဆီပဲတိုက္႐ိုက္ဆက္ၿပီးအက်ိဳးအေၾကာင္းျဖစ္စဥ္အကုန္ေျပာလိုက္ေတာ့ သူကအနီးဆုံး ၁၃၇မိုင္က ေဗာဓိကုန္းရဲစခန္းဆီ၀င္ၿပီး ျဖစ္စဥ္ကိုအကုန္တိုင္ခ်က္ဖြင့္ခိုင္းလိုက္တယ္ ….

အဲဒါနဲ႔၀င္ၿပီး စခန္းမႈးကိုသတင္းပို႔ … စခန္းမႈးကျဖစ္စဥ္ကို မွတ္မိသေလာက္ေျပာခိုင္းေတာ့ အသံၾကားၾကားခ်င္း က်ေနာ္က ညာဖက္ back မွန္ကိုၾကည့္လိုက္မိတာဆိုေတာ့ T-Shirt အျပာေရာင္၊ ပုဆိုးအညိဳခပ္ႏြမ္းႏြမ္းနဲ႔လူတစ္ေယာက္ မလွမ္းမကမ္းမွာ ျမင္လိုက္မိတယ္ဆိုတာ လုံး၀ေသခ်ာမွတ္မိေနေတာ့ အဲဒါကိုေသခ်ာေျပာလိုက္တယ္ (ေအာက္ဆုံးပုံ အနီ၀ိုင္းျပထား) …

အဲဒါေတြမွတ္တမ္းယူၿပီးတာနဲ႔ စခန္းမႈးကိုယ္တိုင္ အဲဒီျဖစ္တဲ့ မိုင္တိုင္ ၁၂၀ နားကိုခ်က္ခ်င္း သြား႐ွာေပးတယ္ … က်ေနာ္တို႔ကေတာ့ စခန္းမွာပဲက်န္ခဲ့ၿပီး Car Black-box ကိုစစ္ၾကည့္ၾကတယ္ .. အဲမွာစစ္ၾကည့္လိုက္ေတာ့ မွန္ကြဲတာမျဖစ္ခင္ အျမန္လမ္းရဲ႕ညာဖက္ျခမ္းကေျမႀကီးသားေပၚမွာ က်ေနာ္ျမင္လိုက္မိတဲ့ပုံစံအတိုင္းလူကို ေတြ႕ေတာ့တာပဲ ….

က်ေနာ္တို႔ကား အဲလူကိုေက်ာ္ေက်ာ္ၿပီးခ်င္း ကားမွန္ကြဲတာလည္းကြက္တိ .. ရုပ္ထြက္ကသိပ္ေတာ့မၾကည္ေပမယ့္ ပုံပန္းသ႑ာန္ေတာ့ဖမ္းလို႔ရတယ္ ….အဲဒါနဲ႔ခ်က္ခ်င္းအဲ black-box video file ကို ႐ွာတဲ့ေနရာမွာအေထာက္အကူျဖစ္ေအာင္ စခန္းမႈးဆီလွမ္းပို႔ေပးၿပီး ျဖစ္တဲ့ေနရာကို ျပန္လိုက္သြား …

ေရာက္ေတာ့ အဲမိုင္တိုင္နားမွာ ကၽြဲ၊ ႏြားေက်ာင္းေနတဲ့ ႐ြာသား၃ေယာက္ေတာ့ ေတြ႕လို႔ေခၚစစ္ေနေၾကာင္း၊ ကိုယ္ေတြျမင္ခဲ့တဲ့ လူနဲ႔တူမတူၾကည့္ခ်င္ရင္ၾကည့္ႏိုင္ေၾကာင္း စခန္းမႈးကေျပာေတာ့ လိုက္ၾကည့္ .. လိုက္ၾကည့္ေတာ့ ၃ေယာက္စလုံးကေတာ့ ပုံထဲကလူလို႔အတည္ျပဳႏိုင္ေလာက္ေအာင္မနီးစပ္လို႔ သတိေပးၿပီးျပန္လႊတ္လိုက္တယ္ .. ..

ရဲေတြလည္း အုံနဲ႔က်င္းနဲ႔ ဆက္ၿပီးေတာနင္းၿပီး႐ွာေပးၾကပါတယ္ .. စခန္းမႈးကလည္း တစ္ခုခုထူးျခားတာနဲ႔ အေၾကာင္းၾကားေပးမယ့္အေၾကာင္း .. ခရီးဆက္လိုကဆက္ႏိုင္ေၾကာင္းေျပာတာနဲ႔က်ေနာ္တို႔လည္း Survey ေကာက္ဖို႔ လည္း႐ွိေသးတာနဲ႔ဆက္ထြက္လာခဲ့လိုက္တယ္ …

ျဖစ္စဥ္ကေတာ့ဒါပါပဲ … ၈ႏွစ္ေလာက္ေမာင္းလာခဲ့တဲ့အတြင္း စာေတြထဲမွာပဲဖတ္ဖူးတဲ့ ဒီလိုအျမန္လမ္း Crime ကို ပထမဆုံးအႀကိမ္ႀကံဳဖူးျခင္းပါ….။MandalayTimeDailyNews).

တစ်နေကုန် အဲအမှုကိစ္စနဲ့ချာလပတ်လည်နေတာရယ် အမြန်လမ်းတောက်လျောက်မောင်းနေရတာရယ်ကြောင့် ခုမှတင်လိုက်တာပါ …

ဖြစ်ပုံကဒီလိုပါ ….ကျနော်လုပ်နေတဲ့ အမြန်လမ်းနဲ့ပတ်သတ်တဲ့ Thesis အတွက် လိုအပ်တဲ့ Survey data လေးတွေကို ၃၉မိုင်တို့ ၁၁၅မိုင်တို့မှာကောက်ရင်း အမြန်လမ်းပေါ်တက်လာတယ်ဆိုပါတော့ ….

၁၁၅မိုင်မှာကောက်လို့ပြီးချိန် နေ့လည်၂နာရီလောက် နေပြည်တော်ဖက်ဆက်ထွက်လာပြီး ၅မိနစ်လောက်ပဲမောင်းရသေးချိန် မိုင်တိုင် ၁၂၀/ဝ နဲ့ ၁၂၀/၁ ကြားမှာ ဘမ်းဆိုတဲ့အသံကြားပြီး မှန်တွေတဖြုတ်ဖြုတ်ကြွေကျတဲ့အသံကြားလိုက်တယ်

အစကကိုယ်လည်းဘာမှန်းမသိသေးတော့ ဘေးချရပ်ပြီးစစ်ကြည့်ဖို့လုပ်တဲ့အချိန်မှာ လိုက်ကူပေးတဲ့ကျောင်းကသူငယ်ချင်း ညီမတစ်ယောက်က မရပ်နဲ့ မှန်ကို ဂွနဲ့ဆော်တာ ရပ်လိုက်ပြီးဆင်းလိုက်ရင် သူတို့တွေ အများကြီးအုံလာနိုင်တယ်လို့ချက်ချင်းသတိပေးလို့ သတိနဲ့ဆက်မောင်းလာလိုက်တယ် ….

အဲမှန်နေရာမှာထိုင်နေတာက ကျနော့်ညီဝမ်းကွဲ .. ကံကောင်းလို့လူထိမထိတာ .. ပုံမှာသာကြည့်ပါတော့ .. အဲဒါနဲ့ဆက်မောင်းရင်း ကိုယ်နဲ့ရင်းနှီးတဲ့ အမြန်လမ်းဒုရဲမှုးကြီးဆီပဲတိုက်ရိုက်ဆက်ပြီးအကျိုးအကြောင်းဖြစ်စဉ်အကုန်ပြောလိုက်တော့ သူကအနီးဆုံး ၁၃၇မိုင်က ဗောဓိကုန်းရဲစခန်းဆီဝင်ပြီး ဖြစ်စဉ်ကိုအကုန်တိုင်ချက်ဖွင့်ခိုင်းလိုက်တယ် ….

အဲဒါနဲ့ဝင်ပြီး စခန်းမှုးကိုသတင်းပို့ … စခန်းမှုးကဖြစ်စဉ်ကို မှတ်မိသလောက်ပြောခိုင်းတော့ အသံကြားကြားချင်း ကျနော်က ညာဖက် back မှန်ကိုကြည့်လိုက်မိတာဆိုတော့ T-Shirt အပြာရောင်၊ ပုဆိုးအညိုခပ်နွမ်းနွမ်းနဲ့လူတစ်ယောက် မလှမ်းမကမ်းမှာ မြင်လိုက်မိတယ်ဆိုတာ လုံးဝသေချာမှတ်မိနေတော့ အဲဒါကိုသေချာပြောလိုက်တယ် (အောက်ဆုံးပုံ အနီဝိုင်းပြထား) …

အဲဒါတွေမှတ်တမ်းယူပြီးတာနဲ့ စခန်းမှုးကိုယ်တိုင် အဲဒီဖြစ်တဲ့ မိုင်တိုင် ၁၂၀ နားကိုချက်ချင်း သွားရှာပေးတယ် … ကျနော်တို့ကတော့ စခန်းမှာပဲကျန်ခဲ့ပြီး Car Black-box ကိုစစ်ကြည့်ကြတယ် .. အဲမှာစစ်ကြည့်လိုက်တော့ မှန်ကွဲတာမဖြစ်ခင် အမြန်လမ်းရဲ့ညာဖက်ခြမ်းကမြေကြီးသားပေါ်မှာ ကျနော်မြင်လိုက်မိတဲ့ပုံစံအတိုင်းလူကို တွေ့တော့တာပဲ ….

ကျနော်တို့ကား အဲလူကိုကျော်ကျော်ပြီးချင်း ကားမှန်ကွဲတာလည်းကွက်တိ .. ရုပ်ထွက်ကသိပ်တော့မကြည်ပေမယ့် ပုံပန်းသဏ္ဍာန်တော့ဖမ်းလို့ရတယ် ….အဲဒါနဲ့ချက်ချင်းအဲ black-box video file ကို ရှာတဲ့နေရာမှာအထောက်အကူဖြစ်အောင် စခန်းမှုးဆီလှမ်းပို့ပေးပြီး ဖြစ်တဲ့နေရာကို ပြန်လိုက်သွား …

ရောက်တော့ အဲမိုင်တိုင်နားမှာ ကျွဲ၊ နွားကျောင်းနေတဲ့ ရွာသား၃ယောက်တော့ တွေ့လို့ခေါ်စစ်နေကြောင်း၊ ကိုယ်တွေမြင်ခဲ့တဲ့ လူနဲ့တူမတူကြည့်ချင်ရင်ကြည့်နိုင်ကြောင်း စခန်းမှုးကပြောတော့ လိုက်ကြည့် .. လိုက်ကြည့်တော့ ၃ယောက်စလုံးကတော့ ပုံထဲကလူလို့အတည်ပြုနိုင်လောက်အောင်မနီးစပ်လို့ သတိပေးပြီးပြန်လွှတ်လိုက်တယ် .. ..

ရဲတွေလည်း အုံနဲ့ကျင်းနဲ့ ဆက်ပြီးတောနင်းပြီးရှာပေးကြပါတယ် .. စခန်းမှုးကလည်း တစ်ခုခုထူးခြားတာနဲ့ အကြောင်းကြားပေးမယ့်အကြောင်း .. ခရီးဆက်လိုကဆက်နိုင်ကြောင်းပြောတာနဲ့ကျနော်တို့လည်း Survey ကောက်ဖို့ လည်းရှိသေးတာနဲ့ဆက်ထွက်လာခဲ့လိုက်တယ် …

ဖြစ်စဉ်ကတော့ဒါပါပဲ … ၈နှစ်လောက်မောင်းလာခဲ့တဲ့အတွင်း စာတွေထဲမှာပဲဖတ်ဖူးတဲ့ ဒီလိုအမြန်လမ်း Crime ကို ပထမဆုံးအကြိမ်ကြုံဖူးခြင်းပါ….။MandalayTimeDailyNews).

Comments are closed.