“ကစ်ကစ်ကို သူကိုယ်တိုင် ရွှံ့ထဲဆင်းရိုက်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သူကတော့ ဒေါင်းပါ” လို့ပြောလာတဲ့ ထိုင်းဒါရိုက်တာ

“ကစ်ကစ်ကို သူကိုယ်တိုင် ရွှံ့ထဲဆင်းရိုက်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သူကတော့ ဒေါင်းပါ” လို့ပြောလာတဲ့ ထိုင်းဒါရိုက်တာ

ပရိသတ်တွေကြားမှာ လတ်တလော ရေပန်းစားနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ စတင်ရုံတင်ပြသတဲ့ (၉) ရက်အတွင်းမှာပဲ ရုံဝင်ငွေ သိန်းတစ်သောင်းနဲ့ စံချိန်တင်ပြီး ဝက်ဝက်ကွဲအောင်မြင်နေတာ ဖြစ်ပါတယ်။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘန်ကောက်မှမန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မြန်မာသရုပ်ဆောင်များဖြစ်တဲ့ နိုင်းနိုင်း၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်တို့က အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“လိပ်​ပြာစံအိမ်​” (The Only Mom) ရုပ်​ရှင်ဇာတ်ကားကြီးမှာ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ နွံထဲနစ်တဲ့ ဇာတ်ဝင်ခန်းကို “လိပ်​ပြာစံအိမ်​”အဖွဲ့သားတွေနဲ့အတူတူ သရုပ်ဆောင်တွေကလဲ အကောင်းဆုံးကြိုးစား လုပ်ပြနိုင်ခဲ့ပါတယ်။ ထိုဇာတ်ဝင်ခန်းကို သရုပ်ဆောင်ခဲ့ရတဲ့ ဝတ်မှုံရွှေရည်နဲ့ ဒေါင်းတို့နဲ့ ပတ်သတ်ပြီး အမှတ်တရအချို့ကို ဒါရိုက်တာ Chartchai Ketnust က ပရိသတ်တွေသိအောင် မျှဝေထားပါတယ်။

ဒါရိုက်တာ Chartchai Ketnust က “ပရိသတ်တွေ ယုံချင်မှယုံကြလိမ့်မယ်၊ ကစ်ကစ်ကို သူကိုယ်တိုင် ရွှံ့ထဲဆင်းရိုက်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သူကတော့ ဒေါင်းပါ။ ကျွန်တော်တို့ ဒေါင်းရဲ့အမေအခန်းကို အရင်ဆုံးရိုက်ကူးခဲ့ကြတာ။ ဒေါင်းက သူ့ရဲ့အလုပ်အပေါ် အားအင်အပြည့်နဲ့ ၁၀၀ ရာခိုင်နှုန်း ကြိုးစားသရုပ်ဆောင်ခဲ့တယ်။ ကစ်ကစ်ရောက်လာတဲ့အချိန်မှာ သူမကို ဒေါင်းရဲ့သရုပ်ဆောင်မှုကို ပြလိုက်တယ်။ ကျွန်တော်က ကစ်ကစ်ကို “ဒီနွံက လုံးဝစိတ်ချရတယ် မင်းကြိုးစားနိုင်လား” လို့မေးတဲ့အခါ ကစ်ကစ်က “ကျွန်မ လုပ်မယ်”လို့ အေးဆေးပြောခဲ့တယ်။ ကျွန်တော်က “ငါမင်းကို တစ်ခုတော့ ကြိုပြောရမယ် နွံရဲ့အောက်မှာတော့ အနံ့ကတော်တော်ကို ဆိုးဆိုးဝါးဝါးပဲ” လို့ပြောတော့ ကစ်ကစ်က “အိုကေ..ရိုက်ကြမယ်” ဆိုပြီး ကျွန်တော့ကို ပြောခဲ့တယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက အမကောင်းတစ်ယောက်ဖြစ်ဖို့ အမေနှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ကြရတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စာကြွင်းအနေနဲ့ပြောချင်တာက ညဖက်ရိုက်ကွင်းတွေကို နေ့ဘက်မှာပဲ အများကြီး ရိုက်ကူးရခြင်းက လုံခြုံရေးကို စိတ်ချစေချင်တဲ့အတွက်ပါ။ ရေနံချောင်းမှာ မြွေတွေအများကြီးရှိတယ်။ ကာကွယ်ဆေးတွေကလဲ အနီးအနားမှာ လွယ်လွယ်ကူကူမရနိုင်ဘူး။ညဖက်ကြီးမှာ ရိုက်ကူးရေးလုပ်ဖို့ဆိုတာ အရမ်းအန္တရာယ်များပါတယ်။ ဒါ့အပြင် ကင်မရာ Sensor တွေက လအလင်းရောင်ကိုတောင် ဓာတ်ပုံအနေနဲ့ရိုက်ကူးလို့ရတဲ့အထိကို တိုးတက်လာပါတယ်။ ညဘက် scence တွေက မနက်ဖက် scence ပုံစံမျိုး ဆင်တူ နေတာကိုလည်း မြင်နိုင်ပါတယ်။ လုံခြုံရေးက ကျွန်တော်တို့အတွက် ပထမဦးစားပေးပါပဲ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ကစ်ကစ်ကို ခွန်အားတွေဖြစ်စေခဲ့တဲ့ ဒေါင်းရဲ့ သရုပ်ဆောင်မှု

“လိပ်​ပြာစံအိမ်​” (The Only Mom) ရုပ်​ရှင်ဇာတ်ကားကြီးကတော့ အဖက်ဖက်က အနုပညာရှင် အတတ်ပညာရှင်များရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုကြောင့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာပါပြီ။ ဒါရိုက်တာနဲ့အဖွဲ့သားတွေကလဲ အကောင်းဆုံးရိုက်ချက်တွေကို မိမိရရ ရိုက်ကူးနိုင်ခဲ့သလို သရုပ်ဆောင်တွေကလဲ မခိုမကပ်ပဲ လုပ်နိုင်စွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.