ဘန်ကောက်မှာ ချစ်သူနဲ့အတူ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ​နေခြည်​ဦး

ဘန်ကောက်မှာ ချစ်သူနဲ့အတူ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ​နေခြည်​ဦး

Beauty blogger မ​လေး ​နေခြည်​ဦးက​တော့ သူမကိုယ်​တိုင်​လည်း သူမရဲ့အလှကို ယုံကြည်​မှုရှိသလို မိန်းက​လေး​တွေကိုလည်း ယုံကြည်​မှုရှိရှိနဲ့လှ​စေဖို့ နည်းလမ်း​ကောင်း​တွေကို ​ဝေမျှ​ပေး​လေ့ရှိသူ တစ်​ဦးပဲ ဖြစ်​ပါတယ်​။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့ အမြဲလိုလို ပျော်ရွှင်နေရသူလေးဆိုရင်လည်း မမှားပါဘူး။ လတ်​တ​လောမှာ​တော့ နေခြည်ဦးက ချစ်ရသူနဲ့အတူ ဘန်ကောက်သို့ခရီးထွက်ရင်း Bumrungrad ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုတွေ အတူပြုလုပ်နေကြတယ်လို့ သိရပါတယ်။ တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦးကတော့ နှစ်ကိုယ်တူရှိနေကြတဲ့ အချိန်လေးမှာ ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ချစ်သူနဲ့အတူ ဘန်ကောက်သို့ခရီးထွက်ရင်း ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ နေခြည်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေကြတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ချီချီလေး…

နေခြည်ဦးနဲ့ သူမရဲ့ချစ်သူတို့ကတော့ အနေဝေးကွာနေကြပေမယ့် အချစ်တွေက နီးနေတာကြောင့် သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပုံဖော်ထားကြတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ လတ်တလောမှာ အနုပညာအလုပ်တွေဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်သူနဲ့အတူ ခရီးထွက်ရင်း ပျော်နေတဲ့ ချီချီလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.