Line Walker 2 ရိုက်ကွင်းကိုသွားလေ့လာနေတဲ့ နေထူးနိုင်

Line Walker 2 ရိုက်ကွင်းကိုသွားလေ့လာနေတဲ့ နေထူးနိုင်

ကွီးနေထူးနိုင်ဆိုပြီး Facebook ပေါ်မှာ Follower ပေါင်းမြောက်များစွာ ယုံကြည်အားပေးတဲ့ ပရိသတ်ပေါင်းမြောက်များစွာနဲ့ သရုပ်ဆောင်နေထူးနိုင်ဟာ နှစ်ပေါင်းများစွာကြာအောင် အက်ရှင်ဇာတ်ကြမ်းကားတွေ တော်လှန်ရေးကားတွေရိုက်ကူးလာခဲ့တဲ့ အက်ရှင်မင်းသားကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ အခုတလော Facebook မှာ ဂယက်ထနေတဲ့ ဟောင်ကောင်အက်ရှင်ကား Line Walker 2 မြန်မာနိုင်ငံကိုလာရောက်ရိုက်ကုးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြိုဆိုတဲ့သူတွေလည်းရှိသလို လမ်းတွေပိတ်ကုန်လို့ ဝေဖန်ပြောဆိုနေကြတဲ့သူတွေဟာလည်း ဒုနဲ့ဒေးပါ။ အစကတည်းက အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ နေထူးနိုင်ကတော့ Line Walker 2 ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့တာတွေ့ရပါတယ်။

နေထူးနိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၉) ရက်နေ့က ရန်ကုန်မြို့လည်ခေါင်မှာ ရိုက်ကူးနေတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကို ကြိုဆိုကြောင်းပြတဲ့အနေနဲ့ရော အသိအမှတ်ပြုတဲ့အနေနဲ့ပါ ရိုက်ကွင်းကိုသွားရောက်လေ့လာခဲ့တာကိုတွေ့ရပါတယ်။ Line Walker 2 ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ မြန်မာနိုင်ငံက မင်းသားတွေဖြစ်တဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့က အရွေးချယ်ခံခဲ့ရပြီး ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့သူတွေထဲမှာ နေထူးနိုင်မပါတဲ့အတွက်ရော နေထူးနိုင်က သွားရောက်အရွေးချယ်မခံခဲ့တဲ့အတွက်ရော ပရိသတ်တွေက နားမလည်နိုင်ဖြစ်နေခဲ့ကြပါတယ်။

နေထူးနိုင်က ရိုက်ကွင်းအနှံ့လေ့လာကြည့်ရှု့ခဲ့ပြီး Line Walker 2 cast တွေကိုလည်းနှစ်သက်အားပေးခဲ့ပါတယ်။ နေထူးနိုင်ဟာ “ဓားဘုရင်နဲ့ ပြန်လမ်းမဲ့တောင်ကြား”လို သိုင်းကားတွေလည်းအများကြီးရိုက်ထားဖူးတာကြောင့် Line Walker 2 သာ နေထူးနိုင်တဲ့ ပူးပေါင်းရိုက်ကူးလိုက်ရင် ကမ္ဘာတစ်လွှားမှာ ဝက်ဝက်ကွဲအောင်မြင်မှာဖြစ်ကြောင်းဝေဖန်နေကြသူတွေလည်းရှိသလို နေထူးနိုင်က ရိုက်ကွင်းကိုလေ့လာသွားပြီဆိုတော့ နောက်ပိုင်းမှာ သူတို့ထက်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေဘယ်လိုရိုက်ကူးထုတ်လုပ်မလဲဆိုတာ ရင်ခုန်နေကြတဲ့ ပရိသတ်တွေလည်းများစွာရှိနေပါတယ်။

ပရိသတ်ကြီးရော နေထူးနိုင်ကို ချစ်ကြလား။ နေထူးနိုင်ရဲ့ မီးလက်ဝါးသိုင်းကိုရော သဘောကျကြလား။ နေထူးနိုင်ရဲ့ နောက်ထွက်လာမယ့် အက်ရှင်ကားတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.