Line Walker 2 ရုပ်ရှင်နဲ့ပတ်သက်ပြီး ဝေဖန်လာတဲ့ ကိုပေါက်

Line Walker 2 ရုပ်ရှင်နဲ့ပတ်သက်ပြီး ဝေဖန်လာတဲ့ ကိုပေါက်

အခုတလော မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာရော အနုပညာရှင်တွေကြားမှာပါ ခေတ်စားနေတဲ့ Line Walker 2 ရုပ်ရှင်ကားကြီးကို ရန်ကုန်မြို့လည်ခေါင်မှာ လမ်းတွေပိတ်ပြီးလာရိုက်တာနဲ့ပတ်သက်ပြီး အနုပညာအသိုင်းအဝိုင်းကလည်း အားရဝမ်းသာရှိကြသလို ဝေဖန်မှုတွေအများအပြားလည်းပေါ်ထွက်လာနေတာပဲဖြစ်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ကိုပေါက်ကလည်း မီဒီယာတွေနဲ့အင်တာဗျူးမှာဝေဖန်ထားပါတယ်။

ကိုပေါက်က Line Walker 2 လာရိုက်လို့ မျက်စိပွင့်နားပွင့်ဖြစ်ရသလို အခွင့်အလမ်းတွေလည်းရလာနိုင်ကြောင်း“တရားရုံးရှေ့တို့ ရဲစခန်းရှေ့တို့ တစ်ခုခုရှေ့ရိုက်မယ်ဆိုရင်တောင် ကျွန်တော်တို့က ခွင့်ပြုချက်တောင်းရတယ်။ တော်တော်နဲ့လည်းခွင့်ပြုချက်ကမကျဘူး။ ရိုက်ခွင့်မပေးဘူးဆိုတာတွေတောင်ရှိတယ်။ အခုကျတော့ ဒီလိုတွေလည်းရိုက်ခွင့်ပေးတယ်ဆိုတာတောင်အခွင့်အရေးရသွားပြီဆိုတော့ လမ်းပိတ်တဲ့အတွက်အခွန်အခတွေခံနိုင်ရင်တော့ ရိုက်လို့ရမယ့်အခွင့်အရေးမျိုးတွေ မြန်မာနိုင်ငံသားတွေလည်းရလာမယ်ထင်တာပေါ့လေ”လို့ ပြောထားပါတယ်။

Line Walker 2 မှာ တကယ့်သေနတ်အစစ်တွေ ဟတ်စကီးတွေနဲ့ရိုက်မယ်ဆိုတဲ့အပေါ်ကို ကိုပေါက်က “ဒါကတော့ သူတို့ နိုင်ငံတော်ကိုလား ပြန်ကြားရေးကိုလားချိတ်ပြီးတော့ လုပ်ကြတာ။ ပြန်ကြားရေးက ခွင့်ပြုထားတဲ့ကားလို့ပြောလို့ရတာပေါ့နော်။ အဲဒီတော့လည်း ဆူးလေမှာ ဟယ်လီကော်ပတာတွေလည်းပျံမယ်တဲ့။ အဲဒီလိုဆိုတော့ မြန်မာနိုင်ငံသားဒါရိုက်တာတွေ ထုတ်လုပ်ရေးတွေလည်း ဒီအခွင့်အရေးမျိုးတကယ်တောင်းဆိုလာရင်ပေးရတော့မယ့်အခြေအနေမျိုးဖြစ်ပြီလို့ထင်ပါတယ်”လို့ ဝေဖန်ထားပါတယ်။

ဒါ့အပြင် ကိုပေါက်က မြန်မာနိုင်ငံသားအနုပညာရှင်တွေအတွက် ဘယ်လိုအတွေ့အကြုံအသစ်တွေရမှာလဲလို့လည်း သက်ဆိုင်ရာတွေကိုမေးခွန်းထုတ်ထားပါသေးတယ်။ ကိုပေါက်က “သူတို့နဲ့လက်တွဲလုပ်ကိုင်ခွင့်ရမှာလား(ဘယ်သူ ဘယ်production ဖြစ်ဖြစ်ပါ)နိုင်ငံတော်က အခွန်ဝင်ငွေတွေအများကြီးရဖို့သက်သက်ပဲလား။lady boy ကိုဘန်ကောက်မှာရိုက်ဖို့လုပ်တုန်းကတော့ သူတို့နိုင်ငံက ထုပ်လုပ်ရေးနဲ့ပဲတွဲလုပ်ခွင့်ပေးတယ်။သူတို့နိုင်ငံသား ရှေ့နေနဲ့စာချူ ပ်ချူ ပ်ရတယ်။သူတို့နိုင်ငံက အလုပ်သမားတွေအလုပ်မရ ရအောင်ချိတ်ပေးတယ်။ဒါဟာ သူတို့ နိုင်ငံရဲ့ ရုပ်ရှင်အဖွဲ့အစည်းကမဖြစ်မနေချ မှတ်ထားတာ။ပြည်ပ ကကြိုက်သလောက်လာပါ။ပိုက်ဆံပေးအကုန်ရတယ်။လူပဲလာပြီး ပစ္စည်းသူတို့ဆီကငှားရတယ်သူတို့နဲ့တွဲလုပ်ရတယ်။drone ရိုက်တာတောင် ကိုယ့်ဟာကိုယ်ရိုက်လို့မရဘူး။လိုင်စင်ရှိတဲ့ သူတို့နိုင်ငံသားကိုပဲငှားရတယ်။မြန်မာနိုင်ငံက အနုပညာလောကသားဘယ်သူတွေ ပညာယူခွင့် လက်တွဲခွင့်ရမှာလဲ။ဘယ်သူတွေဖြစ်ဖြစ် ကြိုက်တယ်ကြို ဆိုတယ် လက်ခံတယ်။။အခုရိုက်မယ့် line walker ll ရိုက်မှာကိုကြိုဆိုပါတယ်။အကန့်ကွက်ပါဘူး။အမှတ်မှားမှာစိုးလို့ပါ။ဘာတွေဘယ်လိုတွေဖြစ်မလဲ မသိလို့ဖြေပေးပါလား”လို့ သူ့ရဲ့ လူမှုကွန်ယက်မှာတင်ထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရော Line Walker 2 ရုပ်ရှင်မြန်မာနိုင်ငံမှာလာရိုက်တာကိုဘယ်လိုသဘောရကြလဲ။ ရုပ်ရှင်ထွက်လာရင်ရောသွားရောက်အားပေးကြမှာလား။ ကိုပေါက်မေးလိုက်တဲ့မေးခွန်းတွေရဲ့အဖြေကိုရော ဘယ်လိုဖြေပေးစေချင်ကြလဲ။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.