လတ်တလောလူပြောများနေတဲ့ သင်္ကြန်မှာ ရေကစား နေ ကြတဲ့အနုပညာရှင်တွေထဲ အမပါလာလို့မေးလာသူ ကို ထိထိမိမိလေးပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

လတ်တလောလူပြောများနေတဲ့ သင်္ကြန်မှာ ရေကစား နေ ကြတဲ့အနုပညာရှင်တွေထဲ အမပါလာလို့မေးလာသူ ကို ထိထိမိမိလေးပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ချစ်ပရိတ်သတ်ကြီးရေ… အနုပညာလောကမှာ ပရိ်တ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိ်ုင်အမာရရှိထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွားကို ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်နော်..။စကားပြော ပွင့်လင်း ရိုးသားတဲ့ နှိုင်းယှဉ်က လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါ တယ်။

နှိုင်းယှဉ်ကတော့ ပြည်သူလူထုအားလုံးပါဝင်နေကြတဲ့ နွေဦးတော်လှန်ရေးကြီးမှာ တက်ကြွစွာပါဝင်လှုပ်ရှာရုံသာမကပဲ အလှူအတန်း တွေ ကို လည်း ဆက်တိုက်ပြုလုပ်နေပြီါ် ဖေးမကူညီမှုတွေနဲ့ တတ်နိုင်သလောက်ပါဝင်အားဖြည့်ပေးနေတာပဲဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က လူမှုကွန်ယက်အသုံးပြုသူ ပရိတ်သတ်တွေအကြားမှာ ပြန့်နှံ့လညတဲ့ သင်္ကြန်ရေကစားပြီးပျော်နေကြတဲ့ အနု ပညာရှင်တစ်ချို့ရဲ့ပုံတွေထဲမှာ အမပါလားလို့လာရောက်မေးမြန်းလာတာတွေကို ပြန်လည်ဖြေရှင်းနေရတဲ့အကြောင်းကို ပြန်လည်ပြောပြ လာတာပဲဖြစ်ပါတယ်နော်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမအနေနဲ့ မူးမော့အော့အန်ကာ ၁လနီးပါးလောက် ခေါင်းမထောင်နိုင်ဖြစ်နေပြီး လတ်တလောမှာလည်း အပြင် မထွက်ဖြစ်တဲ့အကြောင်းနဲ့ ဓာတ်ပုံထဲမှာ သူမ မပါဝင်တဲ့အကြောင်းကို ပြန်လည်ပြောပြထားတာပဲ ဖြစ်ပါတယ်..။”ဪ ကိုယ့်ဘာသာကိုယ် ဗိုက်ကြီးနာစွဲနေသလိုလိုဖြစ်နေလို့ လူကခေါင်းမထောင်နိုင်တာ ၁လနီးပါးရှိပြီမို့ညစ်နေတာ ….တနေ့ရွှေတနေ့ငွေငါလေးဟာ အ မြဲ နာမည် ကြီးထမင်းငတ်သူ..” ဆိုပြီး နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားအသိပေးပြောပြထားတာပါ..။

ပရိသတ်တွေမေးမြန်းထားတာတွေကို ပြန်လည်ဖြေရှင်းပြောပြထားသလို လတ်တလောမှာနေထိုင်မကောင်းတဲ့ သူမအတွက် အားလုံးက လည်း စိတ်ပူစွာနဲ့ ဂရုစိုက်ဖို့ကို Comment တွေမှာ ရေးသားထားကြတာလည်း တွေ့ရပါတယ်..။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးကို အ ထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။

Source: Nhying Shin’s Fb Acc

Credit

Comments are closed.