ကိုယ့်သားသမီးတွေ LGBT လုပ်ချင်ရင် တားပိုင်ခွင့်မရှိဘူးလို့ ပြောလာတဲ့ ပြေတီဦး

ကိုယ့်သားသမီးတွေ LGBT လုပ်ချင်ရင် တားပိုင်ခွင့်မရှိဘူးလို့ ပြောလာတဲ့ ပြေတီဦး

ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသား ပြေတီဦးကတော့ လက်ရှိမှာ ထိပ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ အိနြေ္ဒကျော်ဇင်နဲ့ အတူ ပျော်ရွှင် စရာကောင်းတဲ့ မိသားစု ဘဝလေးကို ထူထောင်ထားပြီ ဖြစ်ပါတယ်။ သူ့သားနဲ့ သမီးလေး ၂ ယောက်ရှိပြီး ပြေတီဦးကတော့ သူ့သားသမီးတွေကို ဘာမှ မချုပ်ချယ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူတို့ဘာသူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး သူ့သားသမီးတွေအနေနဲ့ LGBT ဖြစ်လာခဲ့ရင်တောင် တားပိုင်ခွင့်မရှိပါဘူးဆိုပြီး ပြောဆိုသွား ခဲ့ပါတယ်။

8 day နဲ့ အင်တာဗျူးမှာတော့ ပြေတီဦးက LGBT တွေရဲ့ မိဘတွေကို ကိုယ်သားသမီးအပေါ် ဘယ်လိုနားလည်စေချင်လဲဆိုတဲ့ မေးခွန်းကိုတော့ “သူတို့လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တားခွင့်မရှိပါဘူး။ ကျွန်တော်တို့တွေရဲ့ မိဘတွေကလည်း ကျွန်တော်တို့ အပေါ်မှာ ဘာတခုမှ တားမြစ်ခဲ့တာ မရှိဘူး။ အရာအားလုံးကို လွပ်လပ်ခွင့်ပေးခဲ့တယ်။ ဒါကြောင့် မိဘတွေကို ကျေးဇူးအရမ်းတင်တယ်။ အရာအားလုံးကို ကျွန်တော်တို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့ရလို့လေ။ အဲ့ကြောင့် သားနဲ့ သမီးကိုလည်း သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အပြည့်ဝပေးမှာပေါ့နော်။

တခါတလေကျတော့လည်း မှားမှာကြောက်လို့ ဝင်ပြီးတော့ ဆုံးဖြတ်ပေးလို့ မရပါဘူး။ ဂျက်မားရဲ့ ဗီဒီယိုလေးတွေ ကြည့်ရတာ ကျွန်တော်တအား သဘောကျတယ်။ လူဆိုတာ မမှားဖို့ လိုတာမဟုတ်ဘူးလေ။ လုံလောက်အောင် မှားဖို့ လိုတာလေ။ လုံလောက်အောင် မှားပြီးတော့မှ ဒီလူတယောက်ဟာ ထိပ်ဆုံးကို ရောက်အောင်ကြိုးစားနိုင်တာလေ။ မမှားဘူးဆိုတဲ့ လူမရှိပါဘူး။ ဒါကြောင့် သူတို့ကို ဆုံးဖြတ်ခွင့် ပေးကို ပေးရမယ်။ သူတို့မှားသွားတော့မှ ဒါကမှားသွားရင် သင်ခန်းစာတခုရသွားရင် အဲ့ဒါက တန်ဖိုး ဖြတ်လို့မရဘူးလေ။ ကျွန်တော်တို့ကတော့ အသိလေးတွေ သူတို့ကိုပေးမှာပေါ့။ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုပြီးတော့ ဝင်ရောက်စွက်ဖက်တာတွေ မရှိပါဘူး”

ကိုယ်ရဲ့သားသမီးတွေကိုရော အနုပညာအလုပ်တွေ လုပ်စေချင်လားဆိုတဲ့ အပေါ်မှာတော့ “ကျွန်တော်ကတော့ ဘာဖြစ်ချင်တယ်။ ဘာကို မျှော်လင့်တယ် အဲ့လိုမျိုးတော့ မရှိပါဘူး။ ကျွန်တော်တို့ဖက်ကနေပြီးတော့ တက်နိုင်သလောက်တော့ ပံ့ပိုးပေးမယ်။ သူတို့ ဘာလုပ်ချင်တာလဲ ဘာဖြစ်ချင်တာလဲဆိုတဲ့ အပေါ်မှာ ဖြစ်တာတွေ မဖြစ်တာတွေကတော့ ကံတရားပါပဲ။ မတတ်နိုင်ဘူးလေ။ အဲ့လိုမျိုး ဘာလုပ်ရမယ်ဆိုတာကို သတ်မှတ်ထားတာ မရှိပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.