သူနဲ့ ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေသော ကောလဟာလများအား ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟဲလေး

သူနဲ့ ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေသော ကောလဟာလများအား ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟဲလေး

အဆိုတော် ဟဲလေးကတော့ ဆယ်စုနှစ် နှစ်စုတိုင်အောင် သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုရင်း ပရိသတ် တွေရဲ့ အား ပေးမှုကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ် တလေးတစားဆက်ဆံတတ်တဲ့အပြင် လူတိုင်းကိုလည်း ကူညီချင်စိတ်ရှိသူ တစ်ဦး ဖြစ်ပါတယ်။ ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်တဲ့အပြင် လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေ အမြန်ဆုံး ပြန်လည် အေးချမ်းအောင် ဘုရားဝတ်ပြုတဲ့အခါတိုင်းဆုတောင်းပေးနေတာပါ။

လတ်တလောမှာတော့ ဟဲလေးနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေ ပြန်နှံ့နေတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၁ သင်္ကြန်ဖျော်ဖြေပွဲ တစ် ခု သို့ သွားရောက်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က ဟဲလေးရဲ့ လူမှု ကွန်ယက် စာ မျက်နှာတွင် သင်္ကြန်တစ်တွင်းလုံး အိမ်ထဲကနေအပြင်တောင်မထွက်တဲ့အပြင် အခုကြားနေရတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းကိုပြန် လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

” ကျွန်တော်အများကြီးသည်းခံခဲ့ပါတယ် တော်တော်များလာလို့ပါ😔 Please🙏ဟဲလေးနည်းနည်းရင်ဖွင့်ပါရစေဘယ့်နှယ်ဗျာ..2021သင်္ကြန် တစ်တွင်းလုံး အိမ်ထဲကအိမ်ပြင်တောင်မထွက်ခဲ့တဲ့ကျွန်တော့်ကိုမှ..ဘယ်သတ္တဝါကလက် သရမ်းပြီး နာမည် စာရင်းထဲ ထည့်လိုက်တာတုန်း ခုလိုချိန်မျိုးမှာ သူတစ်ပါး နစ်နာအောင် မလုပ်ပါနဲ့..ပိုမလုပ်ကြပါနဲ့

အမှန်တရားကိုချစ်ရင်..ကျွန်တော့်ကိုမှားပြီးစွပ်စွဲခံခဲ့ရတာကို..အမှန်တရားဖြစ်အောင်ပြန်ပြုပြင်ကူညီပေးကြရင်ပိုမ ကောင်းဘူး လားဗျာ..❣ ချင့်ချိန်ယုံပေးကြပါ 2021သင်္ကြန်မှာ ကျွန်တော်ဘယ်နေရာမှာမှသီချင်းမဆိုခဲ့တာ ကိုယ့်ကိုယ်ကို 100%အာမခံပါတယ်ဗျ ရမ်းမတုတ်ကြ ပါ နဲ့ .ရောမကြိတ်ကြပါနဲ့ Please..ချောက်ထဲကိုတွန်းမပို့ကြပါနဲ့

အမှန်တကယ်သာသွား ပြီး…ကျွန်တော် သီချင်းဆိုခဲ့ ရင်.. သက်သေနှင့်တကွ ပုံနှင့်တကွတက် လာမှာ ဘဲလေ👍 တစ်ခုတော့ ရှိတာပေါ့….ပုံ ဟောင်း တွေနဲ့ ရောကြိတ်တာ…ရောကြိတ်ခံရတဲ့ပုံလေးကလည်းဆံပင်လေးကို နဖူးလေးပေါ်ဝဲလို့ ၂၀၂၁ မှာ ကျွန်တော့်မှာဆံပင်မရှိတော့ ဘူးလေ😍 ဂီတလောကမှာ

နာမည်တစ်လုံးကိုအနှစ်၂၀ ကျော်အေးချမ်း စွာနဲ့အမှား ကင်းအောင် တည်ဆောက်ထိန်းသိမ်းခဲ့ရတာပါ… အထင်မမှားကြ ပါနဲ့ကိုယ်ချင်း စာ ပေးပါဗျာ…မဟုတ်ပဲနဲ့ခံရတဲ့သူတွေမှာ အရမ်းကိုနစ်နာလှပါတယ်..အရမ်းနာကျင်ရပါတယ်..အရမ်းဆုံးရှုံးရပါတယ်🙏 ထပ်ပြော ချင် ပါသေး တယ်ဗျာ..

2021သင်္ကြန် ဘယ်နေရာမှာမှ ကျွန်တော် ဟဲလေး သီချင်းမဆိုခဲ့ပါဘူး နောက်ဘယ်တော့မှဒီကိစ္စထပ်မရှင်း တော့ဘူး နော်🥰အချိန်နဲ့အမှန် တရား ကစကားပြောပါလိမ့်မယ် အားလုံးကိုကျေးဇူးအများကြီးတင်ပါ တယ်ကျွန်တော်ချစ်ခင် တန်ဖိုးထား တဲ့ ပရိသတ်များ.. သူငယ်ချင်း မိတ် ဆွေအပေါင်းများခင်ဗျာ

ကျွန်တော်ရင်ဖွင့်တာလေးစိတ်ရှည်လက်ရှည်ဖတ်ပေးကြလို့….ကျေးဇူးအမှည့်ကြီးပါဗျာ🥰🙏)” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ် တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Naing Lin Aung’s Facebook Account

Comments are closed.