အိမ်ထောင်ဦးစီးဖြစ် သူက ကျည်_+ထိမှန် ပြီး ကျဆုံး သွား တာကြောင့် လက်ရှိမှာ စားဝတ်နေရေး ခက်ခဲ နေ ရရှာတဲ့ ကျန်ရစ်သူသားအမိနှစ်ယောက်

အိမ်ထောင်ဦးစီးဖြစ် သူက ကျည်_+ထိမှန် ပြီး ကျဆုံး သွား တာကြောင့် လက်ရှိမှာ စားဝတ်နေရေး ခက်ခဲ နေ ရရှာတဲ့ ကျန်ရစ်သူသားအမိနှစ်ယောက်

ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး ရုတ်တရက်ဖြစ်ပေါ်လာတဲ့ လက်ရှိအခြေအနေကို ပြည်သူလူထုက ဇွဲကောင်းကောင်းနဲ့ ရင်ဆို င်လာခဲ့ ကြ တာ (၂)လကျော် ကြာသွားပြီဖြစ်ပါတယ်။ဒီအတောအတွင်းမှာလည်း ကျဆုံးသူအရေအတွက်(၇၀၀) ကျော်သွား ပြီဖြစ်ပြီး ကျန်ရစ်သူမိသား စုဝင်တွေ လည်း ပူဆွေးသော ကရောက်နေ ရတာဖြစ်ပါတယ်။ တချို့ကျဆုံးသူရဲကောင်း တွေရဲ့ကျန်ရစ် သူမိသားစုက အဆင်မပြေကြ တာ ကြောင့် ပြည်သူလူထုကလည်းစုပေါင်းပြီး တတ်နိုင်သလောက်လှူဒါန်းကြကာ အားပေးစကားတွေနဲ့လည်းနှစ်သိမ့်ပေးတာဖြစ်ပါတယ်။

အခုဆိုရင် လည်း (13.4.2021)ရက်နေ့တုန်း က မြစ်ငယ်မြို့ ရန်ကင်းရပ်ကွက် မှာနေထိုင်တဲ့ ကိုအောင်ချစ်သူ က အိမ်ထဲထိဝင် ပစ်ခံခဲ့ရတာ ကြောင့် ပေါင်းရင်းကိုကျည်_+ထိပြီး နေရာမှာတင်ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကိုအောင်ချစ်သူတို့ဇနီးမောင်နှံ နှစ်ယောက် က ပန်းရံအတူ တူ လုပ် ပြီး အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံမှာ (၃)နှစ်အရွယ်သား လေး တစ်ယောက်လည်းရှိပြီး အခုအ ခါမှာ တော့ အိမ်ထောင်ဦးစီးက အသက်ပေးသွားရလို့ သားအမိနှစ်ယောက်တည်းကျန်နေခဲ့တာဖြစ်ပါတယ်။

ကိုအောင်ချစ်သူရဲ့နာရေးတုန်းကဆိုရင် အလောင်းကိုစောင်နဲ့ပတ်ပြီး ဝါးထမ်းစင်နဲ့သာသယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ကျန်ရစ် သူသားအမိ နှစ် ယောက် ကလည်း လတ်တလောအခြေအနေအရ မြစ်ငယ်မှာမနေရဘဲ တခြားတစ်နေရာမှာ ရှောင်နေကြတာဖြစ်ပါတယ်။ အိမ်ထောင် ဦး စီးမရှိတော့လို့ အားကိုးမဲ့သွားရတဲ့ ကျန်ရစ်သူသားအမိနှစ်ယောက် ကို ကူညီလှူဒါန်းချင် တယ်ဆို ရင်တော့ (09777743949)ကို အသေး စိတ် သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Myanmarload

Comments are closed.