ထိုင်းတွင် ၆ နှစ်အရွယ်သားကို လည်လှီးသတ်ခဲ့သည့် မြန်မာလုပ်သားတစ်ဦးအား ဖမ်းဆီးထား

ထိုင်းတွင် ၆ နှစ်အရွယ်သားကို လည်လှီးသတ်ခဲ့သည့် မြန်မာလုပ်သားတစ်ဦးအား ဖမ်းဆီးထား

အသက် ၆ နှစ်အရွယ် သားဖြစ်သူကို လည်လှီးသတ်ခဲ့တယ်ဆိုတဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံ တာ့ခ် ရဲစခန်းမှာ ဖမ်းဆီးထားကြောင်း သိရပါတယ်။ ၄င်းဟာ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပြီး ကလေးရဲ့  တစ်ဦးတည်းသော မိဘလည်းဖြစ်ပါတယ်။ မဲဆောက်-ဖရာသက် ဖာဒန်လမ်းရှိ စာသင်ကျောင်းတစ်ကျောင်း ရှေ့ မှာ သွေးတွေပေကျံနေတဲ့ ကလေးရဲ့ အလောင်း ဘေးမှာချကာ ထိုင်နေတဲ့ အသက် ၅၂ နှစ်အရွယ် မောင်ပုဆိုသူကို ဒေသခံတွေက တွေ့ ရှိခဲ့ပြီး ၄င်းကို နံနက် ၈ နာရီလောက်မှာ ရဲလက်အပ်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ပိုင်းမှာ အခင်းဖြစ်နေရာကနေ ၄င်းနေအိမ်အထိ မီတာ ၃၀၀ လောက် သွေးစက်တန်းကို ရဲတွေ တွေ့ ရှိခဲ့ကြပါတယ်။ အသက် ၆၀ အရွယ် မောင်ပုရဲ့ ယောက္ခမက ပြောဆိုရာမှာ မောင်ပုတို့ လင်မယားကွာရှင်းပြတ်စဲခဲ့တာ တစ်နှစ်ကျော်လောက်ရှိပြီဖြစ်ကာ ကလေးကို ၄င်း တစ်ဦးတည်းကပဲ စောင့်ရှောက်နေခဲ့တာလို့ ဆိုပါတယ်။ မောင်ပုရဲ့  ဇနီးဟောင်းဟာ ဘန်ကောက်မှာ အလုပ်လုပ်နေတာလို့ လည်း သိရပါတယ်။ ကလေးကို စောင့်ရှောက်ပေးမယ်လို့  ပြောခဲ့ပေမယ့် ကလေးက သူ့ ကို အရမ်းတွယ်တာနေတယ်လို့ ဆိုကာ မောင်ပုက အခါခါ ငြင်းဆိုခဲ့တယ်လို့ လည်း ယောက္ခမဖြစ်သူက ပြောပါတယ်။ သူ့ သားကို အရမ်းချစ်သူမို့  ဘာကြောင့် အခုလို သတ်ဖြတ်ခဲ့ရတယ်ဆိုတာကိုတော့ စဉ်းစားလို့ မရကြောင်း ဒါပေမဲ့လည်း မောင်ပုဟာ အရက်သမားတစ်ဦးဖြစ်သလို လောင်းကစားစွဲနေသူလည်းဖြစ်ကြောင်း သူမက ပြောခဲ့ပါတယ်။ မောင်ပုဟာ ကလေးကို ဆေးရုံကို သယ်သွားပုံရပေမယ့် နောက်ပိုင်းမှာ ကလေးအသက်မရှိတော့ဘူးဆိုတာသိခဲ့လို့  ဆက်မသွားတော့တာဖြစ်နိုင်ကြောင်းလည်း သူမက ပြောဆိုပါတယ်။

သွေးတွေ ပေနေတဲ့ ကလေးတစ်ဦးကို သယ်ကာ လမ်းလျှောက်သွားလာနေခဲ့တဲ့ ၄င်းရဲ့  ဖြစ်ရပ်ကြောင့် ယင်းဒေသက စာသင်ကျောင်းကို လာကြတဲ့ ကျောင်းသားမိဘတွေနဲ့  ကလေးတွေ အထိတ်တလန့် ဖြစ်ခဲ့ကြတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-Akonthi

Comments are closed.