တပ်ထဲလိုက်ခဲ့ဟု ခေါ်ဆောင်သွားသည့် ကားပိုင်ရှင်၏ မော်တော်ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်နေ

တပ်ထဲလိုက်ခဲ့ဟု ခေါ်ဆောင်သွားသည့် ကားပိုင်ရှင်၏ မော်တော်ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်နေ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို ခြိမ်းခြောက်ပြောဆိုသည့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိမှ သတင်းဆက်

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် Zarni Tike Account ဖြင့် လူမှုကွန်ရက်ပေါ်၌ “ဝှီးတက်နှင့် လိုင်စင်စစ်ရန် တောင်းခံသည့် ယာဉ်ထိန်းရဲအား ခြိမ်းခြောက်၍ တပ်ထဲသို့ လိုက်ခဲ့ရန် ခေါ်ဆောင်သွားသော ကားပိုင်ရှင်၏ ဗီဒီယိုဖိုင်သည် Facebook သုံးစွဲသူများအကြား ပြန့်နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေသကြီးနယ်မြေများအတွင်း စုံစမ်းစစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် ယာဉ်အမှတ် 1K/×××× Crown အဖြူရောင်ယာဉ်အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ည ၆ နာရီခွဲ အချိန်တွင် ပဲခူးမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ JADE GARDEN HOTEL တွင် အဆိုပါယာဉ်အား မောင်းနှင်သူ ဦးဇော်ထူး(၅၄)နှစ်၊ ကန်တော်လေးရပ်ကွက်၊ မင်္ဂလာတောင် ညွန့်မြို့နယ်နေသူနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဦးဇော်ထူးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်း ဆုံ၊ “ရွှေဘဲ”စားသောက်ဆိုင်အနီး တံတားအောက်အရောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ယာဉ်အားတား၍ ယာဉ်မောင်းလိုင်စင်နှင့် ဝှီးတက်တို့ကို စစ်ဆေးရန် တောင်းခံခဲ့ရာ ၎င်းမှ အဆိုပါယာဉ်ထိန်းရဲအား “တပ်ထဲလိုက်ခဲ့၊ ကားပေါ် တက်”ဟု ပြောဆို၍ ကားပေါ်သို့ရောက် သောအခါ တံတားအောက်တွင် လှည့်ပတ် မောင်းနှင်ခဲ့ပြီး မူလနေရာသို့ ပြန်ပို့ခဲ့ကြောင်း သိရှိရ သဖြင့် တာဝန်ဝတ္တရားထမ်းဆောင် နေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တပ်မတော်သား မဟုတ်ဘဲ တပ်ထဲသို့ လိုက်ခဲ့ဟု ခြိမ်းခြောက်ပြောဆိုခြင်းနှင့် ယာဉ်လိုင်စင်စာအုပ်၊ ဝှီးတက်၊ ယာဉ်မောင်း လိုင်စင်တို့အား မှန်ကန်မှု ရှိ/မရှိ တို့ကို ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားချိန်က ကိုဇော်ထူး အသုံးပြုခဲ့သည့် YGN-1K/×××× နံပါတ်တပ်ဆင် ထားသော Toyota Crown အဖြူရောင်ယာဉ်အား လိုင်စင်ရှိ/မရှိ၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်သက်သေခံ လက်မှတ်၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ တပ်ဆင် အသုံးပြုခဲ့သည့် ယာဉ်နံပါတ်ပြားတို့အား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှပစ္စည်းများ ဟုတ်/မဟုတ် ပေးပို့မေးမြန်းခဲ့ရာ အဆိုပါယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထားများမှာလည်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ပစ္စည်းများမဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ကိုဇော်ထူးအား မရမ်းကုန်းမြို့မရဲစခန်း၌ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် လည်းကောင်း အရေးယူထားကြောင်း သတင်းရရှိသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-ကိုဘုန်း

Comments are closed.