မိမိအားမုန်းနေသူကို ချစ်စေလိုလျှင် ဒါလေးတွေလုပ် လိုက် ပါ ပြန်ချစ်လာပါလိမ့်မယ်

မိမိအားမုန်းနေသူကို ချစ်စေလိုလျှင် ဒါလေးတွေလုပ် လိုက် ပါ ပြန်ချစ်လာပါလိမ့်မယ်

မိမိအားမုန်းနေသူကို ချစ်စေလိုလျှင် ဒါလေးတွေလုပ်လိုက်ပါ ပြန်ချစ်လာပါလိမ့်မယ်

အရှင်ဘုရား တပည့်တော် ကို လူတစ်ယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလားဘုရား၊ အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘု ရ့ား ၊ဒက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင် ကျော် ကြားနေတာကို မနာလိုသူတွေ နဲ့စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာမကြုံချင်လည်း ကြုံ ရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘဝထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊ဒါကြောင့်လဲ လူ့ဘဝက တိုတောင်းပေမယ့် စိတ်ကြည်နူး စရာ က နည်းနည်း-စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်ကဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေကငြီး တွားခဲ့ကြတယ်။

စာရေးသူက ဖြေလိုက်တယ် အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ န ည်း လမ်း ကို ပြောပြပါ့မယ်၊လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲပြေလည်နိုင်မယ် လို့ ထင်တယ်၊ယုံယုံ ကြ ည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြု ပြီး အားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမှာ နား လည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းအချင်းချင်း မညီ ညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေအသုံးပြုနိုင်ပါတယ်။ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေး လိုက် တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊

အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့လူတယောက်ဆိုတာ အရှင်ဘုရား ဒကာ ကြီးပါ။ သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံ ထား သူ တွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာမှတ် သား ပြီး အကျိုးရှိရှိအသုံးပြုစေချင်ပါတယ်၊

အစီအစဉ် များ

  • ၁၊ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါး ထည့်ပါ၊
  • ၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်၊
  • ၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကိုဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊

ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆို ပြီး ပို့နိုင်ပါတယ်။ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် – –ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါက တော့ မေတ္တာမပျက်ချစ်ခင်နေလျက်ပါ၊ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊ရေထဲမှာ ရှိတဲ့ ကျောက်ခဲ လေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ရေထဲမှာ စိမ်ထားလိုက်ပြီ၊

မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ရော လူရော အေးချမ်းလာပြီး ငါ့အပေါ်မေတ္တာသက်ဝင်လာပါစေ၊ငါကတော့ မင်းကို အပြစ်မမြင်ပါ ဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ – စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်၊ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊အကြိမ်များစွာ ဆို၇င်တော့ အကောင်းဆုံးပေါ့၊

၄ ။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့နတ်ဗြဟ္မာတွေကို တိုင်တည်ပြီးမေတ္တာပို့ အမျှေ၀ ရပါမယ်၊

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။

မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရကိုယ် တော် တိုင် ပေးသနားထားခဲ့တဲ့အတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ ၊မှတ် ချက်၊ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊

မေတ္တာဖြင့် လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ။

အရှင်သုနန္ဒာလင်္ကာရ – M A ( ပန်းကမ္ဘာ )

Comments are closed.