ဆီးချိုရောဂါကြောင့် ခြေထောက်နှစ်ဘက်လုံးဖြတ် ထား ရတဲ့အပြင် တစ်ယောက်တည်းနေရတဲ့အတွက် အကူအညီလိုအပ်နေတဲ့ အဘိုးအိုတစ်ဦး

ဆီးချိုရောဂါကြောင့် ခြေထောက်နှစ်ဘက်လုံးဖြတ် ထား ရတဲ့အပြင် တစ်ယောက်တည်းနေရတဲ့အတွက် အကူအညီလိုအပ်နေတဲ့ အဘိုးအိုတစ်ဦး

လတ်တလောအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုက ဒီလိုခက်ခဲနေတဲ့အချိန်ကာလကို အပြန်အလှန်ဖေးမကူညီရင်း အားလုံးအတူတူရင်ဆိုင်ကျော်ဖြတ်နေကြတာပဲ ဖြစ်ပါတယ်။ပြည်သူတွေက သက်ကြီးရွယ်အိုအဘိုးအဘွားတွေနဲ့ လက်ရှိမှာစားဝတ်နေရေးကြပ်တည်းနေကြတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။ပြည်သူတိုင်းနီးပါးကလည်း အကူအညီလိုအပ်နေကြတဲ့သူတွေကို ကိုယ်ချင်းစာလို့ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ပြည်သူတစ်ဦးက အသက်(၇၆) နှစ်အရွယ် အဘိုးအိုတစ်ဦးကို ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။အဘိုးရဲ့နာမည်ကတော့ ဒဲ့ဒိုး(ခ)ဦးသက်ဝေဖြစ်ပြီး ဟိုးအရင်တုန်းကဆိုရင် သရုပ်ဆောင်၊ကာတွန်းရေးဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုတာဖြစ်ပါတယ်။အဘိုးက ဆီးချိုကြောင့် ခြေထောက်နှစ်ဘက်လုံးဖြတ်ထားရတာဖြစ်ပြီး တစ်ယောက်တည်းနေထိုင်ရတဲ့အတွက် ပြုစုပေးမယ့်လူလည်းမရှိတာဖြစ်ပါတယ်။

အဘိုးခမျာ ခြေထောက်နှစ်ဘက်လုံးမရှိတော့ပေမယ့်လည်း ဘဝကိုအဆင်ပြေသလို ရပ်တည်နေရတာဖြစ်ပါတယ်။အခုလိုကာလမျိုးမှာ အဘိုးအတွက် စားဝတ်နေရေးအရမ်းခက်ခဲနေတာဖြစ်လို့ ပြည်သူတချို့ကလည်းတတ်နိုင်သလောက်ကူညီလှူဒါန်းပေးကြတာဖြစ်ပါတယ်။နောက်ထပ်လှူဒါန်းချင်ကြတဲ့ စေတနာရှင်ပြည်သူတွေလည်း အဘိုးနေထိုင်တဲ့ တောင်ဒဂုံ(၇၆)ရပ်ကွက်၊ယုဇနအိမ်ယာအနီး(09675844722)ကို တိုက်ရိုက်ဆက်သွယ်ကာလှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder 

[zawgyi]

လတ္တေလာအေျခအေနမွာဆိုရင္ေတာ့ ျပည္သူလူထုက ဒီလိုခက္ခဲေနတဲ့အခ်ိန္ကာလကို အျပန္အလွန္ေဖးမကူညီရင္း အားလုံးအတူတူရင္ဆိုင္ေက်ာ္ျဖတ္ေနၾကတာပဲ ျဖစ္ပါတယ္။ျပည္သူေတြက သက္ႀကီး႐ြယ္အိုအဘိုးအဘြားေတြနဲ႔ လက္ရွိမွာစားဝတ္ေနေရးၾကပ္တည္းေနၾကတဲ့သူေတြကို တတ္ႏိုင္သေလာက္ကူညီေပးေနၾကတာျဖစ္ပါတယ္။ျပည္သူတိုင္းနီးပါးကလည္း အကူအညီလိုအပ္ေနၾကတဲ့သူေတြကို ကိုယ္ခ်င္းစာလို႔ သဒၶါတရားနည္းမ်ားမဆို ပါဝင္လႉဒါန္းၾကတာျဖစ္ပါတယ္။

အခုဆိုရင္လည္းပည္သူတစ္ဦးကအသက္(၇၆) ႏွစ္အ႐ြယ္ အဘိုးအိုတစ္ဦးကို ကူညီေပးဖို႔အတြက္ လူမႈကြန္ယက္စာမ်က္ႏွာေ ပၚမွာ တင္ေပးလာတာျဖစ္ပါတယ္။အဘိုးရဲ႕နာမည္ကေတာ့ ဒဲ့ဒိုး(ခ)ဦးသက္ေဝျဖစ္ၿပီး ဟိုးအရင္တုန္းကဆိုရင္ သ႐ုပ္ေဆာင္၊ကာတြန္းေရးဆရာတစ္ေယာက္အျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳတာျဖစ္ပါတယ္။အဘိုးက ဆီးခ်ိဳေၾကာင့္ ေျခေထာက္ႏွစ္ဘက္လုံးျဖတ္ထားရတာျဖစ္ၿပီး တစ္ေယာက္တည္းေနထိုင္ရတဲ့အတြက္ ျပဳစုေပးမယ့္လူလည္းမရွိတာျဖစ္ပါတယ္။

အဘိုးခမ်ာ ေျခေထာက္ႏွစ္ဘက္လုံးမရွိေတာ့ေပမယ့္လည္း ဘဝကိုအဆင္ေျပသလို ရပ္တည္ေနရတာျဖစ္ပါတယ္။အခုလိုကာလမ်ိဳးမွာအဘိုးအတြက္ စားဝတ္ေနေရးအရမ္းခက္ခဲေနတာျဖစ္လို႔ ျပည္သူတခ်ိဳ႕ကလည္းတတ္ႏိုင္သေလာက္ကူညီလႉဒါန္းေပးၾကတာျဖစ္ပါတယ္။ေနာက္ထပ္လႉဒါန္းခ်င္ၾကတဲ့ ေစတနာရွင္ျပည္သူေတြလည္း အဘိုးေနထိုင္တဲ့ ေတာင္ဒဂုံ(၇၆)ရပ္ကြက္၊ယုဇနအိမ္ယာအနီး(09675844722)ကို တိုက္႐ိုက္ဆက္သြယ္ကာလႉဒါန္းလို႔ရေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Comments are closed.