အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိ ရောက်ဆုံး နည်းလမ်းများ

အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိ ရောက်ဆုံး နည်းလမ်းများ

အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိရောက်ဆုံး နည်းလမ်းများ

မိန်းကလေး တော်တော်များများကတော့ အသားဖြူချင်ကြမှာပါ။ မိန်းလေးတွေဟာ သူတို့အသားရေကို တန်ဖိုးထားကြပြီး၊ ဖြစ်နိုင်သမျှ ပြစ် မျိုး မှဲ့မထင် နေလိုကြပါတယ်။ အခု D Nae Khit ကနေ ဖော်ပြပေးချင်တာကတော့ ပျိုမေတွေအတွက် (၇)ရက်အတွင်း အသားဖြူ စေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(1) နွားနို့အစိမ်း

နွားနို့အစိမ်းမှာ အသားအရေကို ကျေးဇူးပြုနိုင်တဲ့ ဓာတ်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ နွားနို့ကို ကမ္ဘာကျော် အလှဘုရင်မကြီး ကလီယို ပက်ထရာတောင် သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူမကတော့ နွားနို့ကန်ထဲမှာ စိမ်တာပါတဲ့။ အခုလည်း နွားနို့ကို Pack ပုံစံမျိုး ခန္ဓာကိုယ်မှာ ပုံ မှန်လိမ်းပေးပါ။ နေ့စဉ် ရေမချိုးခင် လိမ်းပြီး မိနစ်(၂၀)လောက် နှပ်ထားပါ။

(2) ရှားစောင်းလက်ပပ်

အသားရည်ကို ထိန်းသိမ်းလိုတဲ့ ပျိုမေတိုင်း ကင်းလို့မရတဲ့ သဘာဝပစ္စည်းထဲမှာ ရှားစောင်းလက်ပပ်လည်း ပါဝင်ပါတယ်။ Gel ထုတ်ယူ အနှ စ်လုပ်ပြီး၊ မျက်နှာ၊ လက်မောင်းတို့ကို ပေါင်းတင်တဲ့သဘောမျိုး ရေမချိုးခင်မှာ လိမ်းထားလိုက်ပါ။ မိနစ်(၂၀)လောက် နှပ်ပြီးမှ ရေချိုးပါ။ နေ့ စဉ် နှစ်ကြိမ်လုပ်ပေးပါ။

(3) ဂလစ်စရင်(GLYCERIN) နှင့် သံပုရာရည်

အသားရည်ကို ထိန်းသိမ်းတဲ့အခါမှာ ဂလစ်စရင်ဆေးကလည်း အရေးကြီးပါတယ်။ ဆောင်းရာသီမှာ အသားပက်ခြင်း ကာကွယ်ဖို့အတွက် လိမ်းတဲ့ဆေးရည်ပါ။ အသားဖြူချင်တယ်ဆိုရင် သံပုရာရည်အနည်းငယ်ကို ဂလစ်စရင်နဲ့ ရောစပ်ပြီး ရေမချိုးခင်မှာ သုတ်လိမ်းပေးပါ။ ဒီနည်းကလည်း ထိရောက်ပါတယ်။

(4) နှင်းဆီ+ဆန္ဒကူး+နနွင်း

နှင်းဆီပွင့်ဖက် ခပ်များများကို ရေနဲ့ သတ္တုရည်ရအောင် ကြိတ်ပါ။ စန္ဒကူးအသားကိုလည်း ဖြစ်နိုင်ရင် အမှုန့်ကြိတ်ပြီး၊ နနွင်းအမှုန်နဲ့ စတူ ရော စပ်ကာ သမအောင်နယ်ပါ။ ပြီးရင် နှင်းဆီအရည်ထဲကို သမအောင် ထပ်ပြီး မွှေပေးပါ။ တစ်ကိုယ်လုံး နှံ့စပ်အောင် လိမ်းပြီး မိနစ်(၃၀) လောက် နှပ်ထားပါ။ သတိထားရမှာက နနွင်းပါတဲ့အတွက် အနံ့က ခန္ဓာကိုယ်မှာ စွဲနေတတ်ပါတယ်။

(5) ပျားရည်+နနွင်း

ပျားရည်ဟာ အသားအရည်အတွက် ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အထူးသဖြင့်တော့ အသားရေကို အမြန်ဆုံး ဖြူ စင် စေမှာပါ။ နနွင်းအမှုန့်နဲ့ တွဲစပ်ပြီးသုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ပျားရည်ထဲကို နနွင်းပါရုံထည့်ပြီး၊ သမအောင်မွှေပြီးမှ ခန္ဓာ ကိုယ်ကို လိမ်းပေးပါ။ ဒီနည်းတွေ အားလုံးထဲကနေ တစ်ခုခုကို ရေရှည်စွဲပြီးလုပ်မယ်ဆိုပါက တစ်ပတ်အတွင်း သိသိသာသာ အသား ရေ ဖြူ ဝင်းလာမှာပါ။

မဒီလေး D Nae Khit Media

credit

Comments are closed.