ရွှေတိဂုံဘုရားကိုရွှေပိဿာ (၉) ပိဿာကျော်လှူလိုက်တဲ့ မင်းရာဇာ

ရွှေတိဂုံဘုရားကိုရွှေပိဿာ (၉) ပိဿာကျော်လှူလိုက်တဲ့ မင်းရာဇာ

ဟိုးအရင်နှစ်ပေါင်းများစွာကတည်းကအခုအချိန်အထိအောင်မြင်မှုကိုထိန်းထားနိုင်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာဟာဆိုရင် သဘာဝမင်းသားလို့နာမည်ကြီးသလို တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုရရှိထားတဲ့ အက်ရှင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ မင်းရာဇာကို သိပ်ပြီးမတွေ့ရတော့တာကြောင့် လွမ်းနေကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။ မင်းရာဇာကတော့ ကျန်းကျန်းမာမာနဲ့ ရှိနေပြီး ပရိသတ်တွေကို အက်ရှင်ဇာတ်ကားကောင်းတွေအများကြီးချပြနိုင်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။

ဒါ့အပြင် မင်းရာဇာက ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်သလို အလှူအတန်းလည်းလက်မနှေးသူတစ်ဦးဖြစ်ပါတယ်။ သိပ်မကြာခင် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ကပဲ နေပြည်တော်က ရွှေတိဂုံဘုရားကြီးကို ရွှေပိဿာချိန် (၉) ပိဿာကျော်သွားရောက်ကပ်လှူပူဇော်ခဲ့တယ်လို့သိရပါတယ်။ မင်းရာဇာက နေပြည်တော်က ရွှေတိဂုံဘုရားကို အမျိုးသားကြီးပွားရေးအဖွဲ့နဲ့အတူ ပူးပေါင်းပြီးသွားရောက်ကပ်လှူပူဇော်ခဲ့တာပါ။

မင်းရာဇာက သူ့ရဲ့အလှူအကြောင်းကို လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့အတူ “ရွှေ ပိဿာ 9 ပိဿာကျော် ကိုအမျိုးသားကြီးပွားရေးအဖွဲ့နဲ့အတူ ကျွန်တော်မင်းရာဇာမှ 7ရက်သားသမီးကိုယ်စား နေပြည်တော်ရွှေတိဂုံဘုရားကြီးအားရွှေသင်္ဃန်းများသွားရောက်ကပ်လှုပူဇော်ခဲ့ပါသည် အားလုံးအမျှရကြ၍ သက်ရှည်ကျန်းမာလိုရာဆန္ဒတွေပြည့်ဝပါစေခင်ဗျာ”လို့ရေးသားဖော်ပြထားခဲ့တာတွေ့ရပါတယ်။

ပရိသတ်ကြီးရော မင်းရာဇာကိုအားပေးကြလား။ မင်းရာဇာရဲ့နောက်ထပ်ထွက်မ့် ဇာတ်ကားအသစ်တွေကိုရော အားပေးကြမှာလား။ မင်းရာဇာရဲ့အလှူကိုလည်း သာဓုခေါ်လိုက်ကြပါဦးနော်။


အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.