သွေးသစ္စာသီချင်းကို မြန်မာလိုပီပီသသ သီဆိုဖျော်ဖြေ ပြီး မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက် တဲ့ ကို ရီး ယားအဆိုတော်ကြီးများ

သွေးသစ္စာသီချင်းကို မြန်မာလိုပီပီသသ သီဆိုဖျော်ဖြေ ပြီး မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက် တဲ့ ကို ရီး ယားအဆိုတော်ကြီးများ

လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စမှာဆိုရင် ကိုရီးယားလူမျိုးတွေကပါ မြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူရပ်တည်ပေးနေတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့အလုပ်လုပ်ကိုင်တဲ့သူတွေကလည်း လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာလူမျိုးတွေကတော့အားတက်သရောကူညီပေးနေကြတဲ့ ကိုရီးယားလူမျိုးတွေကို လေးစားပြီးကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

(18.4.2021)ရက်နေ့ကဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံ၊ဘူဆန် ချန်ဝမ်မြို့မှာ မြန်မာကျောင်းသူ၊ကျောင်းသားများ အလုပ်လုပ်ကိုင်နေကြတဲ့သူများအပါအဝင် တောင်ကိုရီးယားပြည်သူတွေကပါ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင် “သွေးသစ္စာ”သီချင်းကို ကိုရီးယားအဆိုတော်ကြီးတွေက သီဆိုဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြားအစီအစဉ်တစ်ခုလည်းပါဝင်ခဲ့ပါတယ်။ကိုရီးယားအဆိုတော်ကြီးတွေကတော့ “သွေးသစ္စာ”သီချင်းကို မြန်မာလိုပီပီသသသီဆိုနေပုံက မြန်မာပြည်သူတွေရဲ့ရင်ထဲထိမှန်ပြီး ပီတိဖြစ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေကလည်း ကိုရီးယားအဆိုတော်ကြီးတွေနဲ့အတူ “သွေးသစ္စာ”သီချင်းကို လိုက်ဆိုကြပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။(၂)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ မြန်မာ့အရေးကို ကိုရီးယားပြည်သူ၊ပြည်သားတွေကပါ တစ်တပ်တစ်အားကူညီပေးနေကြတာကြောင့် ကျေးဇူးတင်စရာကောင်းလှပါတယ်။မြန်မာလူမျိုးတွေကို ပါဝင်အားဖြည့်ပေးရင်း “သွေးသစ္စာ”သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ကြတဲ့ ကိုရီးယားအဆိုတော်ကြီးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

[zawgyi]

လက္ရွိျဖစ္ေပၚေနတဲ့ျမန္မာ့အေရးကိစၥမွာဆိုရင္ ကိုရီးယားလူမ်ိဳးေတြကပါ ျမန္မာျပည္သူ၊ျပည္သားေတြနဲ႔အတူရပ္တည္ေပးေနတာျဖစ္ပါတယ္။ေတာင္ကိုရီးယားႏိုင္ငံမွာ ေက်ာင္းတက္ေနၾကတဲ့ ေက်ာင္းသူ၊ေက်ာင္းသားေတြနဲ႔အလုပ္လုပ္ကိုင္တဲ့သူေတြကလည္း လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြကို ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ျပည္တြင္း၊ျပည္ပမွာရွိၾကတဲ့ ျမန္မာလူမ်ိဳးေတြကေတာ့အားတက္သေရာကူညီေပးေနၾကတဲ့ ကိုရီးယားလူမ်ိဳးေတြကို ေလးစားၿပီးေက်းဇူးတင္ေနၾကတာျဖစ္ပါတယ္။

(18.4.2021)ရက္ေန႔ကဆိုရင္လည္း ေတာင္ကိုရီးယားႏိုင္ငံ၊ဘူဆန္ ခ်န္ဝမ္ၿမိဳ႕မွာ ျမန္မာေက်ာင္းသူ၊ေက်ာင္းသားမ်ား အလုပ္လုပ္ကိုင္ေနၾကတဲ့သူမ်ားအပါအဝင္ ေတာင္ကိုရီးယားျပည္သူေတြကပါ ပူးေပါင္းပါဝင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။အဲ့ဒီပြဲမွာဆိုရင္ “ေသြးသစၥာ”သီခ်င္းကို ကိုရီးယားအဆိုေတာ္ႀကီးေတြက သီဆိုေဖ်ာ္ေျဖခဲ့တဲ့ ထူးထူးျခားျခားအစီအစဥ္တစ္ခုလည္းပါဝင္ခဲ့ပါတယ္။ကိုရီးယားအဆိုေတာ္ႀကီးေတြကေတာ့ “ေသြးသစၥာ”သီခ်င္းကို ျမန္မာလိုပီပီသသသီဆိုေနပုံက ျမန္မာျပည္သူေတြရဲ႕ရင္ထဲထိမွန္ၿပီး ပီတိျဖစ္ခဲ့ရတာျဖစ္ပါတယ္။

ျမန္မာလူမ်ိဳးေတြကလည္း ကိုရီးယားအဆိုေတာ္ႀကီးေတြနဲ႔အတူ “ေသြးသစၥာ”သီခ်င္းကို လိုက္ဆိုၾကၿပီးၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။(၂)လေက်ာ္ၾကာျမင့္သြားၿပီျဖစ္တဲ့ ျမန္မာ့အေရးကို ကိုရီးယားျပည္သူ၊ျပည္သားေတြကပါ တစ္တပ္တစ္အားကူညီေပးေနၾကတာေၾကာင့္ ေက်းဇူးတင္စရာေကာင္းလွပါတယ္။ျမန္မာလူမ်ိဳးေတြကို ပါဝင္အားျဖည့္ေပးရင္း “ေသြးသစၥာ”သီခ်င္းနဲ႔ သီဆိုေဖ်ာ္ေျဖေပးခဲ့ၾကတဲ့ ကိုရီးယားအဆိုေတာ္ႀကီးေတြရဲ႕ဗီဒီယိုဖိုင္ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Comments are closed.