ပေါင် ၂၄၀ ကနေပြီးတော့ ၁၅၆ပေါင်အထိချခဲ့တဲ့ဇော်ခွန်

ပေါင် ၂၄၀ ကနေပြီးတော့ ၁၅၆ပေါင်အထိချခဲ့တဲ့ဇော်ခွန်

X factor 2016 ကနေစပြီး အခုအချိန်ထိ ယုံကြည်ရာ ဂီတလမ်းမှာ လျှောက်လှမ်းနေတဲ့ ဇော်ခွန်တစ်ယောက် ဟာ သူခန္ဒာကိုယ်နဲ့ပါတ်သတ်ပြီးလှောင်ပြောင်ခံရမှုတွေကိုတွန်းလှန်ဖို့ Lose2win with Andy Season 2 မှာဝင်ပြိုင်ပြီးပြောင်းလဲ့ခဲ့တဲ့အကြောင်းတွေနဲ့သူအခုလတ်တလော လှုပ်ရှားနေတဲ့ လှုပ်ရှားမှုအကြောင်းကို 8days နဲ့ အင်တာဗျူးမှာပြောပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိတ်ကြီးသိအောင်ပြန်ပြောလိုက်ပါတယ်။

ကျနော်ကိုတေဇရဲ့ခေတ်သစ်အမုန်းဆိုတဲ့သီချင်းမှာ Featuringဆိုထားတာပါ။အဓိကက ကိုတေဇကမ်းလှမ်းလာတာပေါ့နော် ဆိုမလားဆိုတော့ ဆိုမယ်ပေါ့။ ကျနော်ကလည်းFeaturing ဆိုတာနည်းတယ်။ Rapper တွေထဲကတစ်ယောက်နဲ့ဆိုတော့ ဆိုကြည့်တယ်.။ ပုံစံကလည်း ကျွန်တော်ဆိုနေကျအလွမ်းသီချင်းတွေနဲ့ကွာတယ် ကွာတယ်ဆိုတော့ ဒီဟာကမိုက်တယ်ပေါ့နော် Try ကြည့်မယ်ဆိုပြီးတော့ကျနော်တကယ်မဆိုဘူးတဲ့ပုံစံမျိုးနဲ့ဆိုထားပါတယ်ဟုတ်။ ကျနော်အမြူးတွေဆိုတာထက်အဆွေးတွေနောက်ပြီးတော့ တခြားပုံစံတွေနဲ့မတူတဲ့ထူးထူးဆန်းဆန်းလေးတွေလုပ်တယ် ကျနော်က အခြားပုံစံတွေထက်အဲ့ဒီလိုပုံစံလေးတွေဆိုတာများတယ်ဆိုတော့ကျနော်က အဆွေးသီချင်းတွေဆိုတာများတယ်ပြီးတော့ အသည်းကွဲသီချင်းတွေဆိုတာများတယ် ။အမြူးတွေလုပ်ကြည့်တယ်ကျနော့်အသံနဲ့အစဉ်မပြေဘူးဆိုတော့။ ဒီနယ်ပယ်ထဲမှာမှာပဲကျွမ်းကျင်တယ်ဆိုရမှာပေါ့”ဆိုပြီးပြောပြသွားပါတယ်။

Lose2win with Andy Season 2 ကို ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းကိုလဲ “ ကျနော်ဒီပြိုင်ပွဲပြိုင်ဖြစ်တာက ကျနော်ကအနုပညာလိုင်းကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့် ကျနော့်ကိုကြည့်ပြီးတော့အားကျပြီးတော့ လုပ်ဖြစ်တဲ့သူရှိသွားတဲ့လူရှိရင်လည်းကျနော့်အတွက်အောင်မြင်မှုတစ်ခုပေါ့။ ကျနော်ကဒီပြိုင်ပွဲကိုနိုင်ဖို့အရေးမကြီးဘူးဆိုတော့ ကျနော့်ကိုကြည့်ပြီးတော့အားတက်တဲ့လူတွေနဲ့ကိုယ့်ခန္ဒာကိုယ်ကို ပုံဖော်တယ်ပဲပေါ့နော် စိတ်ဆောင်ရင်ဘယ်အရာမဆိုလုပ်နိုင်တယ်ဆိုတဲ့ ဒီမက်ဆေ့ခ်ျလေးပေးနိုင်မယ်ဆိုတော့ ကျနော်လည်အကေားဆုံးကြိုးစားတယ်။ ကျနော်ဆိုရင် ဝင်လာကတည်းကပေါင်အရမ်းနည်းတဲ့အတွက်ကြောင့်ပေါင်ချိန်ကနည်းလာလေလေ ပိုကျဖို့ခက်လာလေလေဆိုတော့အရမ်းကြိုးစားခဲ့ရပါတယ်ဆိုတော့ ဒီဟာလေးကိုကြည့်ပြီး မက်ဆေ့ခ်ျတစ်ခုလောက်ရခဲ့ရင်လည်း ကျနော့်အတွက်အကျိုးအမြတ်တစ်ခုပေါ့ဆိုပြီးပြောပြသွားခဲ့ပါတယ်။

၂၀၁၉မှာဇော်ခွန်အနေနဲ့ဘာများပြောင်းလဲဖို့ရှိလဲဆိုတဲ့မေးခွန်းကိုလည်း “ အဓိကကပေါ့နော် ကျနော် ၂၀၁၉ ကို ၂၀၁၈ ဇော်ခွန်အနေနဲ့ပြန်မဝင်ဆိုတဲ့ စိတ်ဆုံးဖြတ်ပြီးကြိုးစားခဲ့တဲ့အတွက် ၆ဆိုတဲ့အချိန်အတွင်းမှာပေါင် ၂၄၀ ကနေပြီးတော့ ပေါင်၁၅၆ ထိ ၈၂ပေါင်ချခဲ့တယ်ဆိုတော့Top 4ထိဝင်ခဲ့တယ်ပေါ့နော်။ဆိုပြီးပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.