“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင် Press Showကို တက်ရောက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရင်ခုန်စွဲမက်ဖွယ်ရာအလှ

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင် Press Showကို တက်ရောက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရင်ခုန်စွဲမက်ဖွယ်ရာအလှ

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင် ဟာဆိုရင် ဝတ်စားဆင်ယဉ်တဲ့နေရာမှာ ကိုယ်လုံးလေးနဲ့လိုက်ဖက်အောင် ယဉ်ယဉ်ကျေးကျေး လုံလုံခြုံခြုံနဲ့ ဝတ်ဆင်တတ်တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားအားကျ ချစ်ခင်မှုကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ အများရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ သူမကတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ကားကြီးရဲ့ Press Show ကို တက်ရောက်ခဲ့တဲ့ ဝတ်စုံလေးဟာဆိုရင်လည်း မရိုးမဆန်းလေးနဲ့ အရမ်းကို လှပလွန်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ရင်မှာ ထင်ကျန်စွဲမက်စေခဲ့ရတာပဲ ဖြစ်ပါတယ်။

လုံလုံခြုံခြုံဝတ်စားထားတဲ့ ဒီဇိုင်းဆန်းဝတ်စုံလေးနဲ့ ” ဝက်ဝက်ကွဲအောင်ပွင့် ” ရုပ်ရှင်ကားကြီးရဲ့ Press Show ကို ခပ်မိုက်မိုက်နဲ့ တက်ရောက်လာခဲ့တဲ့ အူဝဲရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ အိမ်ထောင်ကျပြီးသည့်အချိန်မှစ သားသား မီးမီးလေးတွေကို ပိုင်ဆိုင်ထားရှိခဲ့ရချိန်ထိ အိုမင်းပျက်စီးသွားမှုမရှိဘဲ နုပျိုလှပနေရဆဲဖြစ်တဲ့ အူဝဲရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

လှပချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကို မျှဝေပေးထားခဲ့တဲ့ အူဝဲကတော့ “မနေ့က”ဝက်ဝက်ကွဲအောင်ပွင့်” press show သွားတာ ပုံတစ်ပုံမှ မရလိုက်မှာစိုးလို့ မိုင်ဦးစီးကို အပြေးအလွှားလေး ၃,၄ပုံလောက် ရိုက်ခိုင်းလိုက်ရတယ်…ဟီး😬” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အူဝဲရဲ့ ခင်ပွန်းဖြစ်သူ အကယ်ဒမီ ပြေတီဦးကိုယ်တိုင် ပါဝင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ကားကြီးဟာဆိုရင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ စတင်ပြသပေးသွားတော့မှာပဲ ဖြစ်ပါတယ်။

ခင်ပွန်းကိုယ်တိုင် ပါဝင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ကားကြီးရဲ့ Press Show ကို တက်ရောက်ခဲ့တဲ့ အူဝဲရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျ ကြိုက်နှစ်သက်ပြီး အချစ်တွေ ပိုမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေဆဲဖြစ်တဲ့ အူဝဲကတော့ “ကျမချစ်သောယောက်ျားသုံးယောက်” ရုပ်ရှင်ကားကြီးမှာလည်း ပီပြင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သေသပ်စွာသရုပ်ဆောင်ပေးထားခဲ့တဲ့အတွက်ကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Eaindra Kyaw Zin’s Facebook

Comments are closed.