ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အ ဆီ၊ အခေါက်တွေအထင်းသား ပေါ် နေ တဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး Body Shaming လုပ်သူတွေကို စိန်ခေါ်ခဲ့ တဲ့ နေခြည်ဦး
ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အဆီ၊ အခေါက်တွေအထင်းသားပေါ်နေတဲ့ ဓာတ်ပုံကို တင် ခဲ့ပြီး Body Shaming လုပ်သူတွေကို စိန်ခေါ်ခဲ့တဲ့ နေခြည်ဦး သရုပ်ဆောင် နေခြည်ဦးကတော့ ခေတ်လူငယ်တစ်ယောက်ပီပီ တက်တက်ကြွကြွ သွက်သွက် လက်လက်နဲ့ ချစ်စရာကောင်းသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ ဖြစ်တ ည်မှုနဲ့ ပက်သတ်ပြီး အကုန်လုံးကို ပွင့်ပွင့်လင်းလင်းချပြထားသလို မျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်တဲ့အထိကို ဖုံးကွယ်ထားခြင်းမရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနည်းနဲ့အများ ဝေဖန်မှုတွေရှိတဲ့ နေခြည်ဦးက ဒီကနေ့မှာလည်း သူမကိုယ်တိုင်တင်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ Body Shaming လုပ်ခံနေရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ လက်မောင်းနဲ့ ဗိုက်က အဆီတွေကို လျှော့ချဖို့အတွက် ကိုယ်နေ့တိုင်းစားတဲ့ အစားအသောက်တွေနဲ့ပဲ ဆင်ဆင်ခြင်ခြင်လျှော့စားဖို့ Challenge ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ဝေဖန်သူတွေကတော့ နေခြည့်ရဲ့ခန္ဓာကိုယ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ တာကြောင့် နေခြည်ဦးက “Body Shaming လုပ်သော comment များဖတ်ချင်ရင် comment မှာကြည့်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသော မိန်းကလေးကိုကြည့်ချင်ရင် ဓါတ်ပုံကို ကြည့်ပါ။ I challenge You. You challenge…