Browsed by
Category: Lee Bal

သတင်းထဲမှာ “ကိုဗစ်ဆယ့်ကိုး”ဟု ဘာကြောင့် ကြေငြာ ခိုင်းတာလဲ

သတင်းထဲမှာ “ကိုဗစ်ဆယ့်ကိုး”ဟု ဘာကြောင့် ကြေငြာ ခိုင်းတာလဲ

သတင်းကြေညာသူတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါသတင်းနဲ့ ပတ်သက်ပြီး ဖတ်ကြား ကြေညာရာမှာ အင်္ဂလိပ်လို “ကိုဗစ်နိုင်တင်း” အသံထွက်အစား မြန်မာလို “ကိုဗစ်ဆယ့်ကိုး”လို့သာ ကြေညာဖို့ အကြမ်းဖက်စစ်ကောင်စီက ခိုင်းစေထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး စစ်ကောင်စီ ရုပ်သံမီဒီယာတွေမှာ သတင်းကြေညာသူတွေက “ကိုဗစ်ဆယ့်ကိုး”လို့ ထည့်သွင်းကြေညာခဲ့ ကြ တာကို တွေ့ရပါတယ်။ မြန်မာမှာ ကိုဗစ်-၁၉ စတင်ကူးစက်ချိန်ကတည်းက ပြီးခဲ့တဲ့ ၁၈ လတာလုံးလုံးမှာ တော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်လို “ကိုဗစ်နိုင် တင်း”လို့သာ အသံထွက် ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက စတင်ကာ ရောဂါကူးစက်မှုတွေ၊ သေ ဆုံး မှုတွေ မြင့်တက်နေပြီး ဆေးရုံတွေမှာ ဆရာဝန်တွေ မလုံလောက်တဲ့ ပြသနာတွေ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို “နိုင်တင်း”လို့ အသံထွက်ဖတ်ရတဲ့ စကားလုံး ၂ လုံးဟာ နားထောင်ရခက်တာ၊ မြန်မာလို အသံထွက်အဓိပ္ပါယ်နဲ့ဆိုရင် ရောဂါက နိုင်တာ၊ လူတွေကို ရိုက်နှက် ထိုးနှက်တာ စတဲ့ အဓိပ္ပါယ်ဆောင်သလို ဖြစ်နေတာမို့ ပြောင်းလဲကြေညာခိုင်းတာ ဖြစ်မယ်လို့ အသီးသီး ဝေဖန် ပြောဆိုနေကြတာတွေလည်း…

Read More Read More

လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နိုင်ငံကြီးသား ပီသကြဖို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ (ဇူလိုင်လ ၁၂ ရက်) နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။ “လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်နေတာတွေ ရှိပါတယ်။ ပြန်လည်စဉ်းစား သုံးသပ်ပေးနိုင်မယ့်အထဲမှာ တ ကယ့်ကို အကျပ်အတည်းတွေ့နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့ သူတွေကတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံကြီးသား ပီသကြဖို့ ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ တချို့လူတွေဟာ သုံးစွဲထားတဲ့ လျှပ်စစ်မီတာခ အကြွေးတွေကို မပေးဆောင်ချင်တဲ့အတွက် “ပွဲလန့်တုန်းဖျာခင်း” တဲ့ ပုံစံမျိုး လုပ်ဆောင် နေကြတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီဝင်ငွေရမယ့် လျှပ်စစ်မီခတွေကို ငါးလနီးပါးကြာ မပေးဆောင်ဘဲ ပြည် သူတွေက သပိတ်မှောက်နေကြတာ ဖြစ်သလို စစ်ကောင်စီကလည်း လျှပ်စစ်မီတာခတွေကို ပေးဆောင်ကြဖို့ အတင်းအကျပ်ဖိအား…

Read More Read More

ကိုယ်တိုင်ကာကွယ်ဆေးထုတ်ဖို့ စီစဉ်နေကြောင်း မင်း အောင်လှိုင်ပြော

ကိုယ်တိုင်ကာကွယ်ဆေးထုတ်ဖို့ စီစဉ်နေကြောင်း မင်း အောင်လှိုင်ပြော

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖို့ ရုရှားနိုင်ငံနဲ့ ပြောဆိုထားတာရှိပြီး ဒီလထဲမှာ လာကြည့်ဖို့ အစီအစဉ်ရှိတဲ့အ ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။ “ပြည်တွင်းမှာလည်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံကနေပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားမှာရှိပြီး ထုတ်ဖို့ဆိုပြီး ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ ဒါလည်း ရုရှားနိုင်ငံမှာ ဆွေးနွေးတဲ့အခါကြတော့ မူအားဖြင့် သူတို့ သဘောတူပြီး ဖြစ်ပါတယ်။ သူတို့ သဘောတူတယ်၊ ပူးပေါင်း ဆောင်ရွက်ချင်တယ်၊ သူတို့ ဒီမှာ လာကြည့်ပါရစေ၊ လာကြည့်ပြီးတော့ ဘယ်လိုလုပ်မယ်ဆိုတာ သူတို့ ဆုံးဖြတ်ပါမယ် ဆိုပြီးတော့ ပြောပါ တယ်။ ဒီလထဲမှာ သူတို့ လာဖို့ရှိပါတယ်။” ဒါ့အပြင် သူ့ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V အရေအတွက် နှစ်သန်း အကူအညီပေးဖို့ တောင်းခံ တာ မှာ ရုရှားဘက်ကလည်း ပေးဖို့ သဘောတူခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။ ဒါပေမယ့်လည်း ရုရှားနိုင်ငံကိုယ်တိုင်က ကာကွယ်ဆေး အမြောက်အမြား ထုတ်နိုင်တဲ့စွမ်းရည် မရှိတဲ့အပြင် တကမ္ဘာလုံးကို ဖြန့်နေရတဲ့ အတွက် ခွဲပေးမှာဖြစ်ပြီးတော့ ဒီလထဲမှာ စပို့မယ်လို့ ရုရှားဘက်က ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။…

Read More Read More