အောင်သူ ပြောင်းမယ့် အသင်းကို ထုတ်ဖော်ပြောလိုက်တဲ့ ဒေါက်တာ စိုင်း
အောင်သူကတော့ လက်ရှိမှာ ပြည်ပကလပ်အသင်းတစ်သင်းသင်းထံ ရောက်ရှိထား နိုင်ခြင်းမရှိသေးပဲ ရတနာပုံ ကစားသမားအဖြစ်သာ ရှိနေပါသေးတယ်။ ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေနဲ့ လာမယ့်နှစ် ဘော လုံး ရာသီသစ်မှာ ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းကို ရောက်ဖို့ များတယ်လို့ ရတ နာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက DuwunSportsကို ဖြေကြားခဲ့ပါတ ယ်။ “အောင်သူက အသင်းဟောင်း Police Tero ကိုပြန်ရောက်ဖို့ များနေတယ်။အတည်တောာ့ မပြောနိုင်သေးဘူး။ စကားပြောနေတယ်။”လို့ ဒေါက်တာစိုင်းက ပြောလာတာပါ။ အောင်သူ အနေနဲ့ ထိုင်းလိဂ်-၁ ကို ပထမဆုံး သွားရောက် ကစားခဲ့တဲ့ အသင်းက Police Tero အသင်းဖြစ်ပြီး ပထမဆုံးနှစ်မှာ Police Tero အသင်းက လိဂ်-၂ ကို တန်းဆင်းသွား လို့ ထိုင်းထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်တဲ့ မြောင်တောင်အသင်းကို ဆက်လက်ပြော င်းပြီး လိဂ်-၁မှာ ဆက်လက်ကစားခဲ့ပါတယ်။ အခုနှစ်မှာတော့ Police Tero အသင်းကလိဂ်-၁ကို တန်းပြန်တက်လာခဲ့ပြီ ဖြစ်တာကြောင့် အောင်သူ့အနေနဲ့ ထပ်မံပြီး အငှားသွားရောက် ကစားဖို့ များနေတာပါ။ “အောင်သူက ရတနာပုံနဲ့စာချုပ်ရှိတော့ အငှားနဲ့ပဲသွားဖို့ ရှိပါတယ်။”လို့…