VPN တစ်ဆင့်ခံနက်ဝပ်များကိုပါ ပိတ်ပင်ခိုင်း သည့် ညွှန်ကြား ချက် များ နေစဉ့်ပေး ပိုနေ
နေ့စဉ် ည ၁ နာရီမှ နံနက် ၉ နာရီအထိ အင်တာနက်ပိတ်ပင်ထားသည်မှာ တစ်လကျော်ရှိလာပြီးနောက် မိုဘိုင်းအင်တာနက်များနှင့် WiFi စနစ်အင်တာနက်များအပြင် IP Address များနှင့် VPN (တစ်ဆင့်ခံနက်ဝပ်) များပါ ပိတ်ပင်ရန် စစ် ကောင်စီက နေ့စဉ်ညွှန်ကြားချက်များ ပေးပို့နေကြောင်း သိရသည်ြန်မာနိုင်ငံတွင် နေ့စဉ် ည ၁ နာရီမှ နံနက် ၉ နာရီအထိ အင်တာ နက် ပိတ်ပင်ထားသည်မှာ တစ်လကျော်ရှိလာပြီ ဖြစ်သည်။ တနင်္လာနေ့ (မတ် ၁၅) မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခဲ့ပြီးနောက်ယခုအခါ WiFi အင်တာနက်များပါ ပိတ်ပင်ထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်။အာဏာသိမ်းစစ်ကောင်စီသည် အင်တာနက်ပိတ်ရန် အဆင့် ဆင့် သော ညွှန်ကြားချက်များအပြင် IP Address များနှင့် VPN (Virtual Private Network) ခေါ် တစ်ဆင့်ခံနက်ဝပ်များကိုပါ ပိတ်ပင်ခိုင်းသည့် ညွှန်ကြားချက်များနေ့စဉ်ပေးပို့လျက်ရှိကြောင်း မို ဘိုင်း ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီတစ်ခုမှ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးကပြောသည်။“အင်တာနက်ဖြတ်ခိုင်းတဲ့စာ (စစ်ကော င် စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားစာ) တွေက ခုနောက်ပိုင်း ညတိုင်းလာတယ်။ ၇ နာရီလောက်ဆို…